"ကျွန်တော့်နာမည် Jeon Jungkook အတန်းAရဲ့ အတန်းခေါင်းဆောင် စာတော်ပြီးတော့အလုပ်လည်းကြိုးစားတယ် ကာယလည်းတော်သလို ပန်းချီလည်းကောင်းကောင်းဆွဲတတ်တယ် "
Hoseokသူ့ရှေ့မှာ စစ်မှုထမ်းသလိုလေသံနဲ့စကားပြောနေတဲ့ကောင်လေးကို အလန့်တကြားမော့ကြည့်နေမိတယ်...။သူပဲမဟုတ် ကျောင်းကန်တင်းတစ်ခုလုံးကလူတွေက စူးစမ်းကြည့်သလိုကြည့်နေကြခြင်း...။
" အင်းး အင်းပါ..ဒီညီလေးက ဘာဖြစ်ချင်လို့လဲဟင် "
" ကျွန်တော် စီနီယာ့ကိုသဘောကျတယ်..ကျွန်တော်ပေးတဲ့စာကိုလက်ခံပါ အရမ်းစိတ်ထဲမထားပါနဲ့ စီနီယာကသဘောကျရင်လည်းဖြစ်သလို သဘောမကျရင်လည်းဖြစ်တယ် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး "
Hoseok လက်ထဲကိုစာလေးတစ်စောင်ထိုးပေးလို့ ခါးလေးအနည်းငယ်ညွှတ်ကာနှုတ်ဆက်ပြီး ထွက်သွားတဲ့ကောင်လေး...။Hoseokကတော့ စာကိုကိုင်ထားရင်းတန်းလန်းနဲ့ ကြောင်အအ..သူအခုရည်းစားစကားအပြောခံလိုက်ရတာလား?
" Hoseok ah...မင်းတော့ လာဒ်ပွင့်တာပဲ "
ပါးချိုင့်ခွက်ခွက်ကြီးပေါ်အောင်ပြုံးလို့ Namjoonက စနောက်တယ်..Hoseok လက်ထဲကစာရွက်ကိုဘေးချလို့အနားမှာရှိနေတဲ့ ဇွန်းတစ်ချောင်းနဲ့ Namjoonရှေ့တည့်တည့်ကို ကောက်ပေါက်လိုက်တယ်...။အထိနာသွားပေမယ့် Kim Namjoonကတော့ စပ်ဖြဲဖြဲဆန်နေဆဲ...။
" ရူးနေလို့လာဒ်ပွင့်ရမှာလား ယောကျာ်းလေးစီကနေ စာအပေးခံရတာကွ "
စိတ်ပျက်ပျက်ညီးညူလိုက်ရင်းHoseokဘေးနားချထားတဲ့စာအိပ်လေးကို လှမ်းကြည့်လိုက်သည်...။ပန်းနုရောင်ပေါ်မှာ အနီရင့်ရင့်နှင်းဆီပွင့်လေးပုံကို ဆွဲထားပုံက လက်ရာသေသပ်စွာ...။ဒီလိုစာအိပ်မျိုးသာ ကောင်မလေးတွေကိုပေးလိုက်မယ်ဆိုရင်ကောင်မလေးတွေသဘောကျပြီးချက်ချင်းအဖြေပြန်ပေးကြမှာ သေချာပင်..ဒါနဲ့ဘာလို့များသူ့ကိုမှ?
မြင်နေရရင် စိတ်ရှုတ်လာတာမို့ ဘောင်းဘီအိပ်ကပ်ထဲကို ထိုးထည့်ထားလိုက်သည်...။သာယာတဲ့နေ့လေးတစ်နေ့တော့ ဆုံးရှုံးသွားပြီပေါ့...။
________