"Hobi hyung~~~"
မနက်ခင်းစောစောတိုင်းမှာ Jung Hoseokရဲ့ အိမ်ဆည်းလည်းလေးအသံကိုကြားရမှာဖြစ်တယ်...။အိပ်ချင်မူးတူးနဲ့ မျက်စိကိုပွတ်ပွတ်လာတိုင်း Jung Hoseokတို့ ရင်တမမနဲ့...။မျက်တောင်မွှေး နုစိပ်စိပ်လေးတွေ ကျွတ်ကုန်မှဖြင့်...သူပဲရင်ကျိုးရမှာမဟုတ်လား!!!
မျက်စိကိုမှ မပွတ်ရရင် မျက်လုံးဖွင့်မရဘူးဆိုတဲ့ဂျောင်ကွတ်ကီးလေးက သူ့စကားတော့နားထောင်ရှာတယ်...။မျက်စိကြီးမှိတ်လို့ မမြင်မစမ်းနဲ့ လမ်းလျှောက်နေရတယ်...။သနားစဖွယ် မြင်ကွင်းလေးကြောင့် Jung Hoseokလျှော့ပေါ့သက်မှတ်ပေးလိုက်တယ်...မျက်စိကို သုံးချက်ထပ်ပို မပွတ်ရဘူး!!!
Jung Hoseokရဲ့ ဂျောင်ကွတ်ကီးလေးက သိပ်ကို လိမ်မာတယ်...ဘယ်တော့မှ မျက်စိကို သုံးချက်ထပ်ပိုမပွတ်ဘူး...တစ်ခုပဲ...မှုန်ကုပ်ကုပ်နဲ့ မျက်စိမပွင့်တပွင့်ဖြစ်နေတာ...။Jung Hoseokအတွက်တော့ ထိုအရာဟာ အသည်းယားဖွယ် မြတ်နိုးမှုလုံးလုံးလေး...။
မှုန်ကုပ်နေတဲ့မျက်နှာထားနဲ့ ဂျောင်ကွတ်ကီးလေးက မိုးလင်းတယ်ဆိုတာနဲ့ Jung Hoseokကိုရှာရခြင်းမှာ အကြောင်းပြချက်ရှိတယ်...။Hoseokရဲ့ ပခုံးပေါ်ပါးအပ်ပြီး အားဖြည့်မလို့...။ဒီအကျင့်က သူကိုယ်တိုင်ရိုက်သွင်းပေးလိုက်မိတဲ့ အမှားလှလှလေးတစ်ခု...။
ဇာတ်လမ်းအစက ဂျောင်ကွတ်ကီးလေး နေမကောင်းဖြစ်ရာကနေ စတယ်...။နေမကောင်းတဲ့ ဂျောင်ကွတ်ကီးလေးက သိပ်ကိုမှ အားငယ်ရှာသတဲ့...။Jung Hoseokကိုမှ ဖတ်မထားရရင် သူ့အဖျားတွေဟာ သာမိုမီတာပေါက်ထွက်မတတ် ပူပြင်းလာတယ်လို့ဆိုပြီး ချွဲခဲ့တယ်...။Jung Hoseokသိပြီးသား...ဒါတွေဟာ အပိုတွေ!!!
"ငါအဖျားကူးသွားရင်ဘယ်လိုလုပ်မလဲ"
မေးတော့ ဂျောင်ကွတ်ကီးလေးက နှုတ်ခမ်းလေးကိုက်ပြီး စဥ်းစားတယ်...။နှုတ်ခမ်းလေးကိုမဲ့ချရင်း မျက်လုံးလေးတွေကပါ အရည်ကြည်တွေဝေ့နေခဲ့တဲ့ အထိ ဂျောင်ကွတ်ကီးလေးက ဝမ်းနည်းသွားခဲ့တာ...။"အင်းးနော်~~~bibi hyungအဖျားကူးသွားနိုင်တာပေါ့နော်~~~" ဆိုပြီးတစ်ဖက်ခြမ်းလှည့်သွားတဲ့ဂျောင်ကွတ်ကီးရဲ့ ကျောပြင်ကအစကြေကွဲဖို့ကောင်းနေခဲ့ပြန်တယ်...။Jung Hoseokရဲ့ စိတ်အစဥ်က ဂျောင်ကွတ်ကီးလေးရဲ့ 'bibi hyung' ဆိုတဲ့ ခေါ်သံလေးအောက်မှာ ဆပ်ပြာပူဖောင်းလေးပေါက်ထွက်သွားသလို ပျောက်ရှသွားခဲ့တယ်...။ဒီကလေးကိုမှ အလိုမလိုက်ရရင် သူတစ်သက်လုံးနောင်တကင်းနိုင်မယ် မထင်ဘူး!!!
