youth{extraအပိုင်းတို 2 }

992 128 24
                                    

မနက်ခင်းတိုင်းဟာလှပနေတယ်...။ချစ်ရသူနဲ့အတူနိုးထရရင်ပေါ့...။တချို့တချို့တွေကတော့......ထားပါမပြောတော့ဘူးးး

အိပ်ယာနိုးနိုးချင်းပေါက်ကရတွေတွေးနေတဲ့ Jungkookက ခေါင်းကိုခပ်နာနာကုပ်လို့တစ်ဖက်ခြမ်းကိုလှည့်လာတယ်...။အိပ်ပျော်နေတာမို့ မှေးမှိတ်ထားတဲ့မျက်ဝန်းတွေဟာ ခပ်အစ်အစ်ဖြစ်နေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရတာမို့ပါးစပ်ကပါအနည်းငယ်ဟနေတဲ့ ချစ်ရသူJung Hoseokကိုကြည့်ပြီး Jungkookပြုံးလိုက်မိသေးသည်...။ဟုတ်သည်...ချစ်ရသူနှင့်နိုးထရသည့်မနက်ခင်းတိုင်းသည် လှပနေတတ်သည်...။

" JKနိုးနေတာလား "

" ကောင်းကောင်းအိပ်ပျော်ရဲ့လား "

" အင်းးးး "

ခပ်အစ်အစ်လေသံနဲ့ဖြေလာရင်းသူ့ကိုပြုံးပြလာတယ်...။မျက်လုံးတွေက မှိတ်ထားတုန်းပဲ...။နှုတ်ခမ်းလှုပ်ရုံပြုံးပြလာတဲ့သူကြောင့် Jungkookအသည်းတွေယားလာရတယ်...။အောက်နှုတ်ခမ်းကိုအသာကိုက်ထားရင်းနဲ့ ဦးနှောက်ထဲကို ဉာဏ်ဆိုးလေးတစ်ခုက ပြေးဝင်လာပြန်တယ်...။

" ဆောင်းဝင်ကာလရောက်နေပြီ...အေးတယ်နော် "

" နည်းနည်းပါ "

တွေးဆဆလေးဖြေပြီးတဲ့ Hyungရဲ့စကားကြောင့်Jungkookအားတက်သွားတယ်...။သူဆိုလိုရင်းကိုပဲပြောချတော့မယ်...။

" ဒါဆို ကျွန်တော်နွေးအောင်လုပ်ပေးရမလားး "

ပြောလည်းပြောချင် အရိုက်ခံရမှာလဲကြောက်တဲ့Jungkookခပ်လှမ်းလှမ်းကနေသာ ကြားရုံလေးပြောတယ်...။ပြောချင်တာပြောပြီး အကဲခတ်ကြည့်လိုက်တော့!!! Hobi hyungကပြုံးနေတာလား!!!

ဆူလဲမဆူ ရိုက်လည်းမရိုက်ပါဘဲ ပြုံးနေသူကြောင့် Jungkookအနီးနားကိုပြေးကပ်လိုက်တယ်...။နှစ်လက်မလောက်တောင်မခြားတော့တဲ့ သူ့မျက်နှာနဲ့ထိမိတော့မယ့်အခြေအနေမှာတောင် Hyungကပြုံးနေတုန်းပဲ...။

" ကြည်ဖြူတာလားးး "

အနားနားကပ်ကာမေးတော့ Jungkookရဲ့နှာခေါင်းထိပ်လေးကို မထိတထိလေး ခပ်ဖွဖွနမ်းလာတယ်...။အနမ်းဦးကို Jungkookဘက်ကပဲ စတင်တာများတာမို့ Hoseok hyungရဲ့ ရုတ်တရက်အနမ်းလေးတွေက Jungkookရဲ့ ရင်ကိုဗြောင်းဆန်စေသည်...။

YOUTH (Complete✅)Where stories live. Discover now