" JK! "
" ဗျားး "
" အားလား ခိုင်းစရာရှိလို့ "
ဘဲဘဲရဲ့စကားကိုကြားပြီးတဲ့ Jungkookဟာ မနက်ဖြန်စာအစမ်းဖြေမယ်လို့ပြောလာတဲ့ဆရာမစကားကြောင့်ကုန်းရုန်းပြီးလုပ်နေရတဲ့စာအုပ်ကြီးကိုပိတ်ချပစ်လိုက်တယ်...။
" အားတယ် "
အားကြိုးမာန်တက်အော်ပြီးတဲ့နောက်မှာတော့ စာကြည့်ခန်းထဲကနေ မီးဖိုဆောင်ဘက်ရောက်လာပြီ...။
" ဈေးသွားပေးမလား ရေခဲသေတ္တာထဲဘာမှမရှိတော့ဘူး "
" Yes sir.. "
အလေးပြုသလိုပြောနေတဲ့ Jungkookကိုခေါင်းခါပြလိုက်တယ်...။ဒီကောင်က ကျပ်တော့ပြည့်လာမှာမလား..။
လိုအပ်တာတွေကိုစာရင်းနဲ့ရေးမှတ်လို့ ထွက်သွားပြီဖြစ်တဲ့ Jungkook...။လိုအပ်တာတွေရှိအုန်းမလားဆိုပြီး Hoseok ကရေခဲသေတ္တာတစ်ဝိုက်ဝေ့ဝဲကြည့်နေသေးသည်...။
" အာ..ငရုတ်နှစ် "
လိုအပ်တာတစ်ခုကိုတွေ့သွားတာမို့ Jungkookကိုဖုန်းဆက်လိုက်သည်...။
~You are the cause of my euphoria~~
ခပ်လွင်လွင်ဖုန်းသံလေးက အိပ်ခန်းဘက်ကလာတာမို့ Hoseokသွားကြည့်လိုက်တော့ သကောင့်သားက ဖုန်းကိုမေ့ကျန်ခဲ့သည်ပင်...။
" ထားပါတော့.."
ကျန်ခဲ့တဲ့ဖုန်းကို စားပွဲပေါ်ပြန်တင်ပေးထားရင်းလှည့်ထွက်လာတဲ့အချိန်မှာ မည်လာပြန်တဲဖုန်းသံကြောင့် Hoseokကျောပြင်တွေမတ်ခနဲ...။သူ မခေါ်ဘူးနော်...လုံးဝပဲ...။
မရဲတရဲနဲ့လှည့်ကြည့်လာပြီးတော့ မြင်လိုက်ရတဲ့Contactကြောင့် စိတ်ဖိစီးမှုက ပိုလို့ဆတိုးသွားသည်...။
•Omma• တဲ့လား...။
လူကြီးကဆက်လာတဲ့ဖုန်းကို မကိုင်လိုက်ရင်လည်းရိုင်းရာကျမည်ဖြ်စသလို ကိုင်ပြီးရင်ရော သူကဘာပြောရမှာလဲ...။ဘာဖြစ်ဖြစ် အခန်းဖော်လို့တော့ လိမ်လို့ရလောက်မယ် မဟုတ်လား...။
[ ""...... "" - ဒီလိုစာတန်းလေးတွေကို တစ်ဖက်ကပြန်ဖြေသံလို့ပဲ သဘောထားလိုက်ပါ]