" Hoba! "
ကျောင်းပိတ်ရက်ကြီးပြီးဆုံးသွားပြီမို့ စိတ်ညစ်ဖွယ်ရာ ကျောင်းဖွင့်ရက်ကြီးစရတော့မှာဖြစ်တယ်...။ခါတိုင်းလိုပဲ Namjoonက Hoseokနဲ့ အတန်းတူ အခန်းတူမို့ အတူတူသွားဖို့လာခေါ်နေကြ..။ဒီနေ့လည်း ရိုးရာမပျက် တိုက်ခန်းအောက်မှာရောက်နေပေပြီ...။
" မင်းစောလှချည်လား ဒီနေ့ "
" အဲ့လိုပဲဖြစ်သွားတယ် "
ခါတိုင်းမနိုးသေးရင် အခန်းတံခါးကိုထုကာ နှိုးနေကျပင်ဖြစ်နေသည်မို့ Namjoonအတွက်ထူးဆန်းနေမိခြင်း...။မျက်နှာကြည်ကြည်လင်လင်လေးဖြစ်နေတဲ့ Hoseokက အိပ်ရေးလည်းဝလာပုံပဲ...။
" Hobi hyung...စောင့်ပါအုံး..အိမ်သော့က hyungယူထားမလား ကျွန်တော်ယူထားရမလား "
လှေကားထစ်တွေကို တဒုန်းဒုန်းဆောင့်ကာ အားမနာတမ်းပြေးဆင်းလာပြီး အော်ကျယ်အော်ကျယ်ပြောနေတဲ့သူကို Namjoonလှည့်လို့ကြည့်လိုက်သည်...။လွယ်အိတ်ကပိုကရိုနဲ့ Hoseokနောက် လျစ်နေအောင်ပြေးလိုက်လာတာ..ဒါ..ဒါက Flashကောင်မဟုတ်လား...။
" ကျွန်တော်ယူထားရမလားအိမ်သော့ကို ပထမနှစ်တွေကစောပြန်ရတယ်လေ ဒီနေ့ အသင်းလှုပ်ရှားမှုလည်းမရှိဘူး "
" အဆင်ပြေရင် ယူထားလိုက် "
" အင်းး "
နှစ်ယောက်တည်းစကားဖောင်ဖွဲ့နေတဲ့လူတွေနောက် ဖြည်းဖြည်းနဲ့ပုံမှန်လမ်းလျှောက်လိုက်လာရင်း Namjoonတွေဝေစွာငေးကြည့်မိတယ်...။ယှဥ်တွဲလို့လမ်းလျှောက်နေပုံက ရင်းနှီးသွားကြတဲ့ပုံပဲ...။သူHoseokကို မတွေ့ရတဲ့နှစ်ရက်အတွင်းဘာတွေဖြစ်ကုန်တာလဲ!ဒါ့ထက်ထူးဆန်းတာက..အိမ်သော့ကိစ္စက ဘာကြီးလဲ!
IQ148ကြီးကို mathအတွက်တောင် မသုံးရတဲ့ Namjoonက သူငယ်ချင်းဖြစ်သူJung Hoseokကြောင့် ဖိအားများများနဲ့ အဘက်ဘက်ကနေ တွေးတောနေရပြီ...။နည်းလမ်းပေါင်းစုံ၊အကြောင်းအရာပေါင်းစုံကို ဆပ်စပ်ပြီးတွေးတောလိုက်တော့...ဘုရားရေ!!
" Hoba!!မင်းတို့နှစ်ကောင် Living togetherနေကြတာလား?!! "
ကျောင်းဝင်းထဲဝင်ကာစ ဂိတ်ပေါက်မှာ တောင့်တောင့်ကြီးရပ်ပြီး အော်ပြောလိုက်တဲ့Kim Namjoonစကားကြောင့် Hoseokမှာ ပါးစပ်ပြေးပိတ်လိုက်ရတယ်...။ပတ်ဝန်းကျင်ကြီးက နှစ်မိနစ်လောက်ငြိမ်သက်သွားသလို ဘေးနားကလူတွေကပါ ရောယောင်ပြီး လှည့်ကြည့်လာကြသည်အထိ!!
