" JK မင်းဘယ်တွေရောက်နေပြန်တာလဲ "
" ဗျားးးးး "
Hoseokအော်သံကြားတော့ Jungkookက ဘယ်ချောင်ကမှန်းမသိထွက်လာခဲ့တယ်...။အလောသုံးဆယ်ထွက်လာပုံရတဲ့ Jungkookက ခေါင်းပေါ်မှာအမှိုက်တစ်ချို့တောင် ကပ်တွယ်နေတယ်...။Hoseokဆူပူမယ့်အစီစဥ်ကိုနောက်ပို့လို့ ဒီညစ်တီးညစ်ပတ်ကလေးရဲ့ခေါင်းပေါ်က ပင့်ကူအိမ်တစ်ချို့ကို ဖယ်ရှားပေးရတယ်...။
" ဘယ်ချောင်တိုးလာလို့ ဒီလောက်ညစ်ပတ်နေတာလဲ "
" ဘယ်...ဘယ်ချောင်တိုးလို့လဲနော်...."
မလုံမလဲအမူရာနဲ့ မျက်လုံးတွေတောင်ရွှေ့မြောက်ရွှေ့ပြောနေတဲ့ Jungkookကို Hoseokသံသယမျက်လုံးတွေနဲ့ကြည့်လိုက်တယ်...။ခိုးလုပ်တာလူမိမှာကြောက်တဲ့ Jungkookကတော့ Hoseokရဲ့မျက်လုံးတွေကို ရှောင်ရှားနေဆဲပဲ...။
" မှန်မှန်ပြော...ဘာတွေတစ်ယောက်တည်းခိုးလုပ်နေလဲ "
" ဘားးလုပ်ဝူးးဆို~~ "
ချစ်ဖို့ကောင်း မှုတစ်ချို့ကြောင့် Hoseokအတင်းအကြပ်မမေးတော့ဘူး...။နောက်မှကြည့်မေးယူတော့မယ်လို့ဆုံးဖြတ်လိုက်တယ်...။
" ဘာခိုင်းမလို့လဲ "
" မင်းအဝတ်တွေ ယူလာပြီးတော့ ဆပ်ပြာစိမ်ထားရေချိုးရင်လျှော်ပေးမယ် "
" အိုးးးးနော်....ဒီလက်နုနုလေးတွေ အေးကုန်မယ် မလျှော်ပါနဲ့ "
Hoseokရဲ့လက်နှစ်ဖက်ကိုအုပ်ကိုင်ကာ အာငွေ့ပေးရင်းပြောလာတဲ့ Jungkookက အပိုအလိုတွေပဲ...။လက်နှစ်ဖက်ကို ဖယ်ရှားလို့ အဝတ်တွေသွားကောက်ဖို့ပြောလိုက်တယ်...။စကားနားထောင်တဲ့သူကတော့ အပြေးလေးနဲ့ တစ်ပတ်စာဖွထားတဲ့ အဝတ်တွေပြေးကောက်နေပြီဖြစ်တယ်...။
_______________________" Jeon Jungkook!!!! "
အဝတ်တွေကို ဆပ်ပြာစိမ်ရင်းလျှော်ရသက်သာအောင်ခြေထောက်တွေနဲ့နင်းပေးနေတဲ့ Jungkookက အော်ခေါ်သံကြောင့် လန်လို့ပခုံးနှစ်ဖက်တုန်ယင်သွားတယ်...။
" Jeon Jungkook!!မင်းလာစမ်း!! "
ဒေါသအပြည့်ပါတဲ့လေသံကြောင့် Jungkookခေါင်းထောင်သွားတယ်...။အဝတ်ဇလားထဲက အမြန်ထွက်လို့ခြေထောက်ကို ဆပ်ပြာစင်ရုံလေး ရေနှစ်ခွက်လောက်လောင်းပြီးတော့ အသံလာရာဆီပြေးရတယ်...။