{Unicode}
ဆောင်းဦးရောက်နေတာတောင်မိုးတွေကသည်းထန်စွာရွာဆဲပင်...
ပါလာတဲ့ထီးကိုအဖွားအိုတစ်ယောက်ကိုပေးလိုက်လို့မိုးရေထဲလမ်းလျှောက်ပြန်ခဲ့ရတော့သည်
ဟူးးးးဒီလိုမျိုးဖြတ်သန်းရမယ်လို့မထင်မိခဲ့ဘူး
ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမို့လို့ပျော်ရွှင်စွာနဲ့ဖြတ်သန်းလာခဲ့တာ....တဖြည်းဖြည်းနဲ့ပင်ပန်းလာသားပဲ...
တစ်ကိုယ်လုံးမိုးရေရွဲနေသောကြောင့်အိမ်ကိုသာအမြန်ပြေးလာရတော့သည်*ထယ် လာကြိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ*
အိမ်ထဲကိုသော့ဖွင့်ပြီးအဝင်ဖိနပ်ချွတ်မှာတွေ့လိုက်ရသောထယ့်ရဲ့ဖိနပ်...
နောက်ပြီး....ဒေါက်ဖိနပ်တစ်ရံ
ကိုယ့်ရဲ့ဖိနပ်မဟုတ်တာကြောင့်အိမ်ကိုမိန်းကလေးတစ်ယောက်ရောက်နေခြင်းပင်...
အိမ်ထဲဆက်ဝင်သွားတော့ရုတ်တရက်တက်နင်းမိလိုက်တဲ့အဝတ်တစ်ထည်...
ဘယ်သူကအဝတ်ကိုဒီနေရာမှာချွတ်ထားမှာလဲ..
သေချာအောင်ယူကြည့်လိုက်တော့.....မိန်းကလေးအဝတ် ကိုယ့်အဝတ်မဟုတ်ခဲ့ပြန်ဘူး
မလှမ်းမကမ်းမှာတွေ့လိုက်ရတဲ့ထယ့်ရဲ့အဝတ်အစားတွေ....ထယ်...ကျွန်မထင်တာမဟုတ်လောက်ဖူးမလား
မဟုတ်လောက်ပါဘူး....
ဘာလို့ကိုယ့်ရင်တွေနာကျင်လာရတာလဲ...
နင်ဘာတွေလျှောက်တွေးနေတာလဲ
ထယ်ကအဲ့လိုယောက်ျားလေးမဟုတ်တာနင်အသိပဲလေ...လက်တွေကတွန့်ဆုတ်စွာ မရဲတရဲနဲ့ 'ဟ'နေတဲ့တံခါးကိုအသာလေးတွန်းကြည့်လိုက်မိတယ်
ဖွင့်ကြည့်မိတဲ့ ကိုယ့်ကိုကိုယ်တောင်နောင်တရသွားတယ်
ငါမဖွင့်ကြည့်လိုက်ရမှာ...
ငါအခုဘာဆက်လုပ်ရမှာလဲ...သူတို့နှစ်ယောက်ကတော့ကိုယ့်ကိုတောင်သတိမထားမိစွာဆက်ဆံနေကြဆဲပင်...
ကိုယ့်လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်
ထယ်....
နင်ငါ့ကိုတကယ်လုပ်ရက်တယ်ဟာသူ့တို့နှစ်ယောက်ကိုအော်ဟစ်သောင်းကျန်းပြီးရန်တွေ့လိုက်ချင်ပေမယ့် ကိုယ့်မှာအာစေးမိနေသလိုပင်....
မိုးမိလာတဲ့ကိုယ်ကအားအင်ချိနဲ့စွာပင်သူတို့နှစ်ယောက်ကိုရင်နာစွာရပ်ကြည့်နေမိသည်
YOU ARE READING
Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]
Fanfiction[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } ☆ 3ʳᵈ 𝐟𝐢𝐜𝐭𝐢𝐨𝐧☆ 2021 𝐒𝐞𝐩 24 ➪ 2023 June 5