BGG_21

656 65 4
                                    

[ Unicode ]

ကျေးဇူးပြုပြီးဘယ်သူမှမထိခိုက်ပါစေနဲ့။အားလုံးယောင်းအမှားတွေပဲမို့လို့ယောင်းကိုပဲဒဏ်ခတ်ကြပါ။သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ဘာမှဖြစ်လို့မရလို့ပါကံကြမ္မာကြီးရယ်...။

သူမလည်းအိမ်မှာဘာမှမလုပ်နိုင်သည်မို့ထယ်ယောင်းကိုတစ်လှည့်ဂျောင်းကုကိုတလှည့်ဖုန်းဆက်နေမိသည်...၊သို့သော်နှစ်ယောက်လုံးဖုန်းမကိုင်ကြသည်မို့ဂျီမင့်ကိုလှမ်းဆက်တော့လည်းဖုန်းမကိုင်ပေ...။သူမကြံရာမရတဲ့အဆုံးထယ်ဟျောင်းကိုစာပို့လိုက်သည်...။
/ ဂျောင်းကုတစ်ခုခုဖြစ်ရင်နင်နဲ့ငါအပြတ်ပဲ... /
အဲ့စာကပို့သင့်တာလားမပို့သင့်တာလားသူမဆုံးဖြတ်နိုင်စွမ်းမရှိလောက်အောင်ပင်နွမ်းနယ်လွန်းလှပြီ။

ရုတ်တရက်ရေအရမ်းဆာလာတာမို့ရေခဲသေတ္တာဆီသွားဖို့ထတော့ဗိုက်ကဆစ်ခနဲအောင့်တက်လာကာအောက်ပိုင်းကလည်းသွေးတွေစီးကျလာခဲ့သည်။သူမကိုယ်သူမမသယ်နိုင်လောက်အောင်ပင်ကြမ်းပြင်ပေါ်လဲကျသွားခဲ့သည်။
ဗိုက်ကိုတင်းနေအောင်ဖိထားပေမယ့်ပေါက်ထွက်မတတ်နာကျင်လာတာကြောင့်ကလေးတစ်ခုခုဖြစ်မည်ကိုသူမစိုးရိမ်လာသည်။

" လာကြပါအုံး.... အားးး နာလိုက်တာ၊အဟင့် တစ်ယောက်ယောက်မရှိကြဘူးလား... အားး သေတော့မှာပဲ "

သူမပဲအသံမထွက်တာလား လူတွေပဲမရှိတာလားသူမမသိတော့၊အခုချိန်သူမအရမ်းအိပ်ချင်နေတာပဲသိတော့တယ်။

သူမမျက်လုံးအလင်းပြန်ရချိန် ရေမြူလေးတွေဆိုင်းနေတဲ့ဟင်းလင်းပြင်ကြီးတစ်ခုထက်တွင်သူမရှိနေခဲ့သည်။တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူလေပြေလေညှင်းလေးတွေကသူမနှလုံးသားကိုရွှင်လန်းစေသည်။မျက်လွှာများကိုတင်မိခိုက်တွေ့လိုက်ရသောဖြူလွလွခန္ဓာကိုယ်လေးတစ်ခု... ၊ရင်းနှီးသောမျက်နှာသွင်ပြင်တစ်ခုကသူမကိုပြုံးလျှက်ကြိုနေသည်။

" ဆူဘင်း... ၊ဆူဘင်း နင်မလားဟင် "

" ဟဟား ဒါပေါ့ယောင်းလေးရဲ့၊ဘာလဲမေ့သွားတာလား "

" ဆူဘင်း "

သူမဆူဘင်းကိုပြေးဖက်လိုက်ပေမယ့်ဆူဘင်းကသူမနဲ့ဝေးရာကိုရွှေ့သွားတယ်။သူမနောက်တစ်ကြိမ်ကြိုးစားတော့လည်းထိုနည်းအတိုင်းပေ...။

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Where stories live. Discover now