[Unicode]
"ယောင်း ကိုယ်အိမ်ပြန်လိုက်ပို့မယ်"
"ဒါပေမယ့် joonnie oppaက.."
"ကိုယ်ကြည့်ရှင်းလိုက်မယ် ယောင်းကိုယ့်ကိုယုံတယ်မလား"
ယုံချင်ပါတယ် မယုံရဲတာ
"ဘာမှစဥ်းစားမနေနဲ့တော့ ကိုယ်ပြောတဲ့အတိုင်းလုပ်"
"အင်းပါ"
"ယောင်း..ဒါပေမယ့်"
"ဆူဂျင်း နင်ငါတို့ကြားထဲဝင်မရှုပ်နဲ့ ငါနင့်ကိုသိပ်ကြည့်မရတော့ဘူး"
"ထယ်ကလည်းဆူဂျင်းကိုအဲ့လိုမပြောပါနဲ့ သူကငါ့သူငယ်ချင်းလေ"
"အေး နင့်သူငယ်ချင်းမို့လို့ငါဒီလောက်လွှတ်ထားတာ မဟုတ်ရင်အခုထိမရှိလောက်တော့ဘူး လာသွားမယ် ဟျောင့်တွေကြည့်လုပ်ပေးထား"
"Ok စိတ်ချလိုက်"
အချင်းချင်းမျက်စပစ်ပြတာဘာကြောင့်ရယ်မှန်းမသိဘူး သေချာတာကတော့မဟုတ်တာလုပ်ဖို့ပဲနေမှာ
အိမ်ပြန်လမ်းလေးကအရင်ကထက်ပိုသာယာနေခဲ့သည် ကိုယ့်လက်လေးကိုကိုင်ထားတဲ့သူ့လက်ပြင်ကျယ်ကြီးကအားကိုးချင်စရာအတိ...။
"ယောင်း ကိုယ့်ကိုချစ်တယ်လို့မပြောရသေးဘူးနော်"
"အာ...အဲ့ဒါကသိပြီးသားပဲကို"
"ကိုယ်ကြားချင်တယ် ယောင်းကိုယ်တိုင်ပြောပြတာလေးကို"
မျက်နှာချင်းဆိုင်ကိုဆွဲလှည့်ပြီးလက်နှစ်ဖက်လုံးကိုသေချာဆုပ်ကိုင်ထားသောကြောင့်ရင်ခုန်မှုများကအတိုင်းအဆမရှိ...
ကိုယ့်အပြောကိုစောင့်မျှော်နေတဲ့သူ့မျက်ဝန်းလေးတွေကအရောင်တလတ်လတ်နဲ့လှပနေသည်
"ယောင်းလည်း..."
"ဟွာယောင်း..."
"....appa..."
"လာခဲ့စမ်း"
သူ့ဆီကနေဆွဲယူခံလိုက်ရတာကြောင့်ချက်ချင်းအရောင်တောက်လာတဲ့သူ့မျက်လုံးများ
"ဒီိမှာလူငယ် မင်းသူနဲ့ဝေးဝေးနေပါ သူ့မှာလက်ထပ်ရမယ့်လူရှိတယ်"
![](https://img.wattpad.com/cover/286160198-288-k426963.jpg)
YOU ARE READING
Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]
Fanfic[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } ☆ 3ʳᵈ 𝐟𝐢𝐜𝐭𝐢𝐨𝐧☆ 2021 𝐒𝐞𝐩 24 ➪ 2023 June 5