BGG_25

555 54 3
                                    

[Unicode]

အိမ်တော်အရှေ့မှာကားကိုကြမ်းတမ်းစွာပိတ်ရပ်လိုက်ကာအိမ်ထဲဒုန်းဆိုင်းဝင်သွားခဲ့သည်။

" ဟျောင့် ဂင်မ်ထယ်ဟျောင်းထွက်လာခဲ့စမ်း.. ခွေးကောင် မင်းယောင်းကိုဘယ်လိုလုပ်လိုက်တာလဲ "

ဧည့်ခန်းထဲမှာထိုင်သောက်နေရင်းအပြင်ကအော်ဟစ်သံတွေကြောင့်သူမျက်ခုံးတွန့်မိသည်။သူအခုလိုအချိန်မှာယင်ကောင်အသံတောင်ကြိုက်တာမဟုတ်ဘူး..။

သူထဖို့အရှိန်ယူတုန်းမှာပင်ဆွဲထိုးခံလိုက်ရတဲ့ပါးတစ်ဖက်ကြောင့်ဆိုဖာပေါ်တဖန်ပြန်ကျသွားသည်။ နဂိုတည်းကအသားနာရင်စိတ်တိုတတ်တာမို့သူ့ကိုထိတဲ့လူကိုလွှတ်ပေးဖို့စိတ်ကူးမရှိ...

အရင်တည်းကအစဖျောက်ပစ်ချင်ခဲ့တဲ့ဂျောင်းကုအင်ကျီကိုပြန်ဆွဲကာ ထိုမျက်နှာပေါ်ကိုသူ့မကျေနပ်ချက်တွေစုပုံလိုက်သည်။ နှစ်ယောက်သားအချိန်အတော်ကြာရုန်းရင်းဆန်ခတ်ဖြစ်နေရာကနေခါးကြားထဲအသင့်ရှိနေသည့်သေနတ်တွေနဲ့ကိုယ်စီချိန်ထားလိုက်ကြသည်။

သူတို့နှစ်ဦးဟာအရင်ကသူငယ်ချင်းတွေဆိုတာဘယ်သူယုံမှာလဲ.. ရန်စွယ်အပြည့်ရှိနေတဲ့ကျားနှစ်ကောင်ဟာဂူတစ်ဂူတည်းအောင်းမိသည့်အလားကမ္ဘာ့ရန်ဘက်ဖြစ်နေကြသည်။

" ဟားး ဂျောင်းကု ဂျောင်းကု မင်းကငါ့ကိုကြောင်ထင်လို့လာပုတ်လိုက်တာလား.. "

" မင်းကငါ့အမြင်မှာကြောင်မဟုတ်ဘူး.. ခွေးအဆင့် မင်းကခွေးလောက်ပဲတန်ဖိုးရှိတယ်.. မင်းမို့လို့ယောင်းလိုမိန်းကလေးကိုသစ္စာဖောက်ရက်တယ် "

" မင်းသူ့ကိုယောင်းလို့မခေါ်နဲ့!! ယောင်းဆိုတာငါပေးထားတဲ့နာမည် ငါတစ်ယောက်တည်းခေါ်ခွင့်ရှိတယ် "

" ဟက်! အခုယောင်းကမင်းကိုအရမ်းမုန်းနေတာသိတယ်မလား.. အဲ့ဒါမင်းရဲ့အတ္တတွေကြောင့် မင်းရဲ့သစ္စာမဲ့မှုတွေကြောင့်ပဲ "

" မင်းငါတို့ကြားမှာဝင်မပါနဲ့! ယောင်းကငါ့မိန်းမ.. ငါ့အပိုင် ငါအတ္တကြီးလည်းသူခံနိုင်ရမယ် ၊ ငါဖောက်ပြန်တယ်ဆိုတာငါ့အမှားကြီးတစ်ခုမို့လို့ယောင်းပေးသမျှပြစ်ဒဏ်ငါအကုန်ခံမှာ.. "

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Where stories live. Discover now