BGG_19

817 80 3
                                    

[Unicode]

" အမလေးးးး ယောင်း!ဘာလို့ပြေးဆင်းလာတာလဲ "

အပေါ်ထပ်ကနေကလေးလေးတစ်ယောက်လိုပြေးဆင်းလာတဲ့ယောင်းကိုသူလှမ်းအော်လိုက်တာကြောင့်ယောင်းလည်းသွားပြန်ဖြီးပြရင်း...

" ဟို...၊ဟီးး ဗိုက်ဆာလို့ပါထယ် "

" မင်းဗိုက်ထဲမှာကလေးရှိတာမေ့နေတာလား ဟင်! မဆင်မခြင်နဲ့ နောက်ဆိုကလေးအမေဖြစ်တော့မယ့်လူကနမော်နမဲ့နဲ့ မင်းကြောင့်ကလေးတစ်ခုခုဖြစ်ရင်ငါမင်းကိုအရှင်မထားဘူးမှတ် "

သူမကိုယ်ဝန်ရှိတာဘယ်လောက်မှမကြာသေးတော့တချက်တချက်သတိလွတ်သွားတာကိုသူအဲ့လောက်ထိပြောစရာလိုလို့လား...၊ယောင်းလည်းအမေပါပဲ ယောင်းကပိုချစ်ပါတယ်အဖေဖြစ်သူထက်၊အဲ့ဒါကိုသူမို့လို့ပြောရက်တယ်။

သူဆူပြီးလှည့်ထွက်သွားတာယောင်းဘာဖြစ်ကျန်ခဲ့လည်းသူမသိပါ...။ယောင်းကိုသူအပြစ်ပြောတာလည်းမပြောနဲ့၊ ယောင်းတကယ်နဖော်သရေနိုင်တာသူအသိဆုံး...။ဟိုတစ်နေ့ကလည်းသူမအဖော်ရအောင်မွေးပေးထားတဲ့yeontanဆိုတဲ့ကောင်နဲ့ခြံထဲမှာခုန်ပေါက်ပြေးလွှားလည်းဆော့ခဲ့သေးတာ...၊အဲ့တစ်ခါတုန်းကလည်းဆူထားပြီးသားကိုအခုထပ်ဖြစ်လို့သူမကျေနပ်တာ၊ ကလေးကလနုသေးတော့ပိုဂရုစိုက်ရမှာကိုယောင်းလိုကလေးစိတ်မပျောက်သေးတဲ့အမေနဲ့ဆိုတော့ကလေးကိုထိခိုက်မှာသူစိုးရိမ်သည်...။

သူလည်းပြောပြီးကာမှစိတ်မကောင်းဖြစ်ရတာကြောင့် စိတ်ကိုလျှော့ကာအောက်ထပ်ပြန်ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲသူမရှိနေအုံးမည်အထင်နဲ့ဝင်ခဲ့ပေမယ့်သူမကိုမတွေ့တာကြောင့်အိမ်အကူတွေကိုမေးလိုက်သည်။

" နင်တို့မမလေးရော? "

" မမလေးအခန်းထဲမှာပါရှင့် "

" သူထမင်းစားပြီးသွားပြီလား "

" ဟို...မစားသွားပါဘူး "

" ဘာ! "

ထမင်းဆာလို့အသည်းသန်ပြေးဆင်းလာတဲ့သူကထမင်းမစားသွားဘူးပေါ့...။ဟွာယောင်းကသူ့ကိုစိတ်တိုအောင်တမင်လုပ်နေတာ...။

သူအပေါ်ပြန်တက်လာပြီးသူတို့အိပ်ခန်းထဲကိုသွားတော့ကုတင်ဘေးမှာကျုံ့ကျုံ့လေးငိုနေတဲ့သူမ...။သူလည်းဒေါသထွက်ထွက်နဲ့သူမကိုဆောင့်ဆွဲခေါ်ကာထမင်းစားခန်းထဲပြန်ခေါ်လာလိုက်သည်။

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Where stories live. Discover now