BGG_3

1.3K 140 7
                                    

{Unicode}

ငါမသိလိုက်တဲ့အရာတစ်ခုအတွက်နဲ့နင့်ကိုအဆုံးရှုံးခံမှာမဟုတ်ဘူး ပြီးတော့နင်ငါ့ကိုဘယ်တော့မှမမုန်းရဘူး ဒါငါ့အမိန့်ပဲ

သူမ မသိလိုက်ခင်မှာဘဲသူ့ရဲ့ဆိုးသွမ်းမှုတွေပိုမိုကြီးထွားလာခဲ့တယ် သူမကိုယ်တိုင်တောင်တားဆီးနိုင်မှာမဟုတ်တော့ဘူး

******

အိပ်ရာကနိုးထလာသလိုခံစားချက်ကြောင့်မျက်လုံးဖွင့်ရန်မနည်းအားယူနေရသည် ငါဘာတွေဖြစ်ခဲ့တာလဲ အခုအိမ်မှာလား ကျောင်းမှာလား
ရင်းနှီးတဲ့အငွေ့သက်လေးကြောင့်ကိုယ်နည်းနည်းတော့စိတ်အေးသွားရသည် ပွင့်လာသောမျက်လုံးများကြောင့်ဝေဝါးစွာမြင်နေရသောအခန်းကကိုယ့်ရဲ့အခန်းပင် ပြီးတော့ကြားလိုက်ရတဲ့ခပ်စူးစူးအသံ သေချာတာပေါ့အဒေါ်ကြီးဆူဂျင်း

"ဟွာယောင်းသတိရပြီလား ငါကနင်သေပြီတောင်ထင်ထားတာ ခေါင်းမူးနေသေးလား"

"ဖြေးဖြေးအော်ပါဟယ် ငါနားမလေးသေးပါဘူး နင့်အသံကြားတာငါပြန်တောင်မေ့ချင်လာတယ်"

"နင်လေနင် ငါပြောရင်ငါ့အလွန်ဖြစ်အုံးမယ် ယောက်ျားလေးရန်ပွဲထဲကိုဘာသွားလုပ်ရတာလဲ သေချင်နေတာလား"

"ငါသနားလို့ပါဟိုကောင်လေးကသေလုမြောပါးဖြစ်နေပြီလေ တကယ်ပါပဲ ဘယ်သူမှဝင်မတားဘူး"

"ဘယ်သူ့ကိုမှပြောမနေနဲ့ ဘယ်သူမှဝင်မတားရဲဘူး နင်သာသူရဲကောင်းဝင်လုပ်ချင်နေတာ လူကောင်ကဖြင့်တစ်ကိုင်စာလေး ဟိုကလုပ်လိုက်ရင်နင်သေမှာနော်ယောင်း နောက်တစ်ခါဝင်မပါစမ်းပါနဲ့ဟာ နင့်အစားငါရင်မောလို့ပါ"

"ဟာ....နင်ကလည်းနားတွေငြီးလိုက်တာ အဒေါ်ကြီးကျနေတာပဲ......ဒါနဲ့လေ ငါမေ့သွားတဲ့နောက်ပိုင်းဘာဖြစ်သေးလဲ"

ငါအမှန်တိုင်းပြောရမှာလားယောင်း ငါနင့်ကိုစိတ်မယိုင်စေချင်ဘူး

"ဘာမှဆက်မဖြစ်ပါဘူး ဆရာမတွေကအိမ်ပြန်ပို့ပေးတယ်လေ ငါလည်းတစ်ခါတည်းပြန်လာလိုက်တာ နင့်ကိုစိတ်မချလို့"

"ဟီး...ငါ့သူငယ်ချင်းပဲရှိတယ်"

"အာ တော်စမ်းပါ...."

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Where stories live. Discover now