[ Unicode ]
ရုတ်တရက်ဂုတ်ကနေဆွဲမခံလိုက်ရပြီးပူခနဲဖြစ်သွားသောမျက်နှာကြောင့်ကြမ်းပြင်ပေါ်လဲသွားပေမယ့်သူတမင်ပြန်မထခဲ့ပါ ...။ဒီဇာတ်ထဲမှာဗီလိန်ပါလာမယ်ဆိုရင်အဲ့ဒါကကင်မ်ထယ်ယောင်းပဲဖြစ်ရမယ် သူကတော့ထယ်ယောင်းလုပ်သမျှငြိမ်ခံပြီးအဓိကဇာတ်ဆောင်နေရာကိုယူမှာမို့လို့ဒီလောက်တော့အနာခံရမယ်မလား....?
ခင်ဗျားရဲ့ဒေါသတွေကပဲကျွန်တော့်ကိုကူညီနေတယ်ဆိုတာတကယ်မသိတာလားကင်မ်ထယ်ယောင်းရှီ....၊ဟက်!
" အာ....hyungစောင့်နေတော့မှာပဲ "
ရုတ်တရက်သတိရလိုက်သောကိစ္စကြောင့် စုံတွဲသော့ချိတ်လေးကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာclubတစ်ခုသို့ ...
.
.
.
.
.
ပင်မတံခါးကြီးကိုကျော်ဖြတ်ပြီးတဲ့နောက်နားထဲတန်းဝင်လာသောDJသံနှင့်မြင်လိုက်ရသောဟိုပေါ်ဒီပေါ်မိန်းကလေးများ ...။
အားလုံးကိုလျစ်လျူရှုပြီးသူဦးတအားလုံးကိုလျစ်လျူရှုပြီးသူဦးတည်သည်ကVIPအခန်းတစ်ခန်း၊သူ့ကိုတွေ့သည်နှင့်တံခါးတန်းဖွင့်ပေးကြသောအစောင့်များကြောင့်သာသာယာယာပဲဝင်သွားလိုက်သည်။မိန်းကလေးနှစ်ယောက်ကိုဘေးတစ်ဖက်တစ်ချက်စီတွင်ထားပြီးအနမ်းတွေထဲနစ်နေသောအကိုဖြစ်သူကိုချောင်းဟန့်လိုက်တော့...." ညီ! ရောက်ပြီလား "
" အွန်း ဘယ်လိုလဲအဆင်ပြေခဲ့လား "
" အင်း... ဘယ်လိုပြောရမလဲ.... "
ဒယ်ဟွန်းကောင်မလေးနှစ်ယောက်ကိုအခန်းထဲကထွက်သွားရန်မျက်စပစ်ပြလိုက်ကာစကားကိုဆက်လိုက်သည်။
" hyungပြောပြမယ် "
" ဘာလဲ! မအောင်မြင်ဘူးလား? hyungကျွန်တော့်ကိုကတိပေးထားတယ်လေ "
လိုရင်းရောက်ဖို့အချိန်ဆွဲနေသောချွဲဒယ်ဟွန်းကိုသူမျက်မှောင်ကျုံ့ပြီးစိတ်မရှည်စွာမေးလိုက်သည်။
" hyung ပြောပြတာကိုခဏနားထောင်ပါအုံးကွာ နော်... ဒီနေ့အကိုတို့အောင်ခါနီးနေပြီ ဒါပေမယ့်အဲ့ကောင်တွေကအဖွဲ့အလုံးအရင်းနဲ့ဝင်လာတာhyungတောင်အသက်ရှင်အောင်မနည်းပြေးခဲ့ရတာhyungကိုသတ်ဖို့တောင်လုပ်နေတာ သူ့မှာလက်ဆုပ်လက်ကိုင်ပြစရာမရှိလို့ငြိမ်သွားတာ "

YOU ARE READING
Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]
Fanfiction[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } ☆ 3ʳᵈ 𝐟𝐢𝐜𝐭𝐢𝐨𝐧☆ 2021 𝐒𝐞𝐩 24 ➪ 2023 June 5