BGG_2

1.4K 139 2
                                    

{Unicode}

ထယ်ယောင်း ငါနင်နဲ့စတွေ့လာတာကိုကငါ့ကံကြမ္မာဆိုးတာပဲ...ငါဖောက်ပြန်တတ်တဲ့ယောက်ျားတွေဆိုသိပ်မုန်းတယ်...
အခုအဲ့ထဲမှာနင်အပါအဝင်ပဲ

******

သူ့အကြည့်တွေကိုငါမေ့လို့မရပါလား...ဘာလို့အဲ့လောက်တောင်ထိစူးရှအောင်ကြည့်ရတာလဲ...
အသံက​ရော ဘာလို့အဲ့လောက်ယောက်ျားပီသရတာလဲ
ဟင်းးးးငါ့အတွေးတွေကိုသာဆူဂျင်းသိရင်တော့ငါအသတ်ခံရအုံးမယ်

တော်ပြီအိပ်တော့မယ်သူ့အကြောင်းတွေးနေတာတွေရပ်မှရတော့မယ်
ကျေးဇူးပြုပြီးမနက်ဖြန်သူနဲ့အတူမထိုင်ရပါစေနဲ့....တကယ်ကြောက်လို့ပါ

ညနက်သန်းခေါင်ယံကိုဖြတ်သန်း၍အာရုံဦးကိုကျော်လွန်ကာနေမင်းကြီးကသစ္စာရှိစွာဖြင့်အရှေ့အရပ်မှာပန်းလေးတစ်ပွင့်သဏ္ဍာန်ပွင့်အာလာခဲ့သည်....

"ယောင်းရေ...ယောင်း သမီးလေးထတော့နော်...သားလေးတောင်အိမ်ကထွက်လာပြီတဲ့"

"n.a.eeeee"
မသွားချင်ဘူးးးးးကျောင်းတောင်မတတ်ချင်တော့ဘူး.....oppaကလည်းအစောကြီးလာခေါ်နေတယ် အိပ်ချင်ပါသေးတယ်ဆိုမှ
ဘယ်တတ်နိုင်မလဲ ဒီနှစ်ဝက်လေးပဲသည်းခံလိုက်ရအောင် တက္ကသိုလ်ရောက်ရင်တစ်နေကုန်အိပ်ပစ်မယ် ဟွန့်

ရေချိုးမျက်နှာသန့်ရှင်းရေးလုပ်ကျောင်းuniformလဲဝတ်ပြီးလွယ်အိတ်လေးဆွဲကာဆင်းလာခဲ့လိုက်သည်

"ဟင် oppaရောက်နေပြီလား"

"ဟုတ်တယ် ယောင်းရဲ့ ကျောင်းစောစောရောက်အောင်ကိုယ်စောစောပဲထွက်လာလိုက်တယ်"

"oppaကလည်းနောက်နေ့နောက်ကျမှ....

အဲမဖြစ်သေးဘူး နောက်ကျနေရင်ငါဆူဂျင်းနဲ့မထိုင်ရပဲနေလိမ့်မယ်

oppaမြန်မြန်သွားရအောင်"

"ဟင်..အခုလား"

"ဟဲ့သမီးမနက်စာစားသွားလိုက်အုံး"

"မေမေသမီးကိုထည့်ပဲထည့်ပေးလိုက်တော့....မြန်မြန်နော်အမေ"

"သြော် ဒီကလေးမတော့ အေးပါအေးပါ ခဏစောင့်အုံး ထည့်ပေးမယ်"

Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]Where stories live. Discover now