{Unicode}
စတင်ရင်ခုန်မိတဲ့ချစ်ရသူကဆိုးသွမ်းတဲ့လူဆိုးလူမိုက်တစ်ယောက်သာဆိုရင်~
ကျောင်းခေါင်းလောင်းသံနဲ့အတူကျောင်းသားကျောင်းသူများရဲ့နှုတ်ဆက်သံများကကျောင်းဝန်းအတွင်းပျံ့လွင့်လာသည်
အခန်းထဲကလူတွေအကုန်ထွက်သွားကြပြီ ဆူဂျင်းအခုချိန်ထိသန့်စင်ခန်းကပြန်မလာသေးဘူး ကြာလိုက်တာ
ဆူဂျင်းရဲ့စာအုပ်များကိုသိမ်းပေးပြီးအပြင်ထွက်မယ်အလုပ် အရှေ့တွင်ပိတ်ရပ်လာသောသူ သူ့သူငယ်ချင်းတွေလည်းအကုန်ထွက်သွားပြီးအပြင်ကနေတံခါးပိတ်လိုက်သည်
'ဘာလဲ...ဘာဖြစ်လို့လဲ...ငါအခုအနိုင်ကျင့်ခံရတော့မှာလား...ဆူဂျင်းရေငါ့ကိုကယ်ပါအုံး'
ကြောက်စိတ်များကြောင့်မျက်ရည်ကပေါက်ခနဲ"ဘာလို့ငိုတာလဲ ငါဘာလုပ်ရသေးလို့လဲ"
"တောင်းပန်ပါတယ်"
"ဘာအတွက်လဲ"
ကိုယ့်မျက်နှာအရှေ့တည့်တည့်ရောက်လာတဲ့သူမျက်နှာကြောင့်ကိုယ်အနောက်ဆုတ်မိသည် ဒါပေမယ့်....သူကထပ်တိုးလာခဲ့တယ်
"မသိဘူး ဒါပေမယ့် ငါတောင်းပန်တာမို့လို့ငါ့ကိုလွှတ်ပေးပါ"
"မလုပ်ချင်ဘူးဆိုရင်ရော"
တောင်းပန်တာတောင်မရဘူးဆိုတဲ့သဘောလား ဒူးထောက်ရမှာလား ဘာလုပ်ရမှာလဲ
ဒူးထောက်ဖို့လုပ်လိုက်စဥ်တင်းတင်းကျပ်ကျပ်ဆွဲခံလိုက်ရသောလက်မောင်း သူ့အားနဲ့မို့တကယ်နာသည်
"ငါ့အရှေ့မှာဘယ်တော့မှဒူးမထောက်နဲ့ ငါတင်မဟုတ်ဘူး ဘယ်သူ့ရှေ့မှာမှမင်းဒူးထောက်စရာမလိုဘူး ကြားလား"
အဆက်မပြတ်စီးဆင်းလာတဲ့မျက်ရည်များကိုသူလက်ဖြင့်ဖွဖွလေးသုတ်ပေးလာသည်
"ဘာလို့ငါ့ကိုစာရေးပေးတာလဲ"
"....နင်....လက်...လက်နာနေတယ်မလား"
"အဲ့ဒါကိုစိုးရိမ်လို့လား"
သူ့ရဲ့သြရှရှအသံတို့ကိုခံနိုင်အောင်မနည်းထိန်းထားရသည် နှလုံးခုန်နှုန်းမြန်နေတာကကြောက်တာလားရင်ခုန်တာလားမသဲကွဲတော့...
![](https://img.wattpad.com/cover/286160198-288-k426963.jpg)
YOU ARE READING
Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]
Fanfiction[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } ☆ 3ʳᵈ 𝐟𝐢𝐜𝐭𝐢𝐨𝐧☆ 2021 𝐒𝐞𝐩 24 ➪ 2023 June 5