[ Unicode ]
မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ဟင်းလင်းပြင်မျက်နှာကျက်ကြီးသာမျက်ဝန်းထဲပုံပေါ်လာသည်။တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကအနည်းငယ်ယောင်သလိုရှိနေသည်။
....သူအိပ်ပျော်နေတာပဲ....
....ငါတို့ဘာတွေဖြစ်ခဲ့ကြတာလဲ...တဖြည်းဖြည်းချင်းပုံပေါ်လာတဲ့သူရိုက်ချက်တွေနဲ့အတူကျောပြင်ကအောင့်သက်လာသည်။
ထယ်ယောင်း...နင်ငါ့ကိုအရမ်းအနိုင်ကျင့်တာပဲ။ငါနင့်ဆီကနေတကယ်ထွက်ပြေးချင်လာပြီ။
ခဏအကြာသူနိုးလာတော့မျက်နှာကိုတစ်ဖက်လွှဲလိုက်သည်။မျက်ရည်များဟာလည်းလားရာဘက်သို့...
" ယောင်း နိုးပြီလား...ကိုယ်မင်းကိုအရမ်းစိတ်ပူနေခဲ့တာ... "
သူမဘက်ကတုံ့ပြန်မှုမရှိသေး...သိတာပေါ့ကောင်မလေးစိတ်ဆိုးနေတယ်ဆိုတာ...
" ယောင်းလေး ဖြစ်ခဲ့သမျှကိုကိုယ်တောင်းပန်ပါတယ် ယောင်းမကျေနပ်ရင်ကိုယ့်ကိုပြန်ရိုက်လို့ရတယ် အခုချိန်ကစပြီးယောင်းပြောသလိုနေမယ် ယောင်းဖြစ်ချင်တာတွေအကုန်လုပ်ပေးမယ် အရာရာယောင်းသဘောအတိုင်းဖြစ်စေရမယ်။ယောင်းကိုယ့်ကိုတစ်ခုတော့ပြန်ပေးရမယ်... "
ဟက်!သိသားပဲ သူဆိုတာအမြဲအပေးအယူလုပ်နေကြပဲလေ...
" ကိုယ့်ဘေးနားကနေဘယ်တော့မှထွက်မသွားပါနဲ့...ကိုယ်တောင်းဆိုတာပါ "
သူမျက်ဝန်းတွေကဝမ်းနည်းရိပ်သန်းနေတယ်။ကလေးတစ်ယောက်အတိုင်းပဲ...လိုချင်တာမရမှာစိုးရိမ်နေတဲ့ပုံစံနဲ့။
ဒါပေမယ့်ထယ်ယောင်းဆိုတာလူတစ်ယောက်ကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကောင်းကောင်းသိတယ်၊ချော့လိုက်ခြောက်လိုက်နဲ့သူလိုရာပုံသွင်းတတ်တယ်။
....နင့်ရဲ့စိတ်ရင်းအမှန်မဟုတ်တဲ့စကားတွေကြားငါရူးချင်နေပြီ...
" ဒါဆို ငါအခုလိုချင်တာရှိတယ် "
မျက်ဝန်းတစ်စုံကလင်းလက်တောက်ပလာခဲ့သည်။
" ငါအခုဆူဘင်းကိုတွေ့ချင်တယ် "
သူ့စိတ်ရင်းကဘာဆိုတာသိရတော့မယ်၊သူဆိုသည်မှာဆူဘင်းကိုနာမည်တောင်မကြားချင်လောက်အောင်မုန်းသည်မလား။
YOU ARE READING
Bᴀᴅ Gᴜʏ || 𝗞𝗧𝗛 [Complete]
Fanfiction[ Kim Taehyung X OC ] He's a bad guy with a gun! { Unicode+Zawgyi } ☆ 3ʳᵈ 𝐟𝐢𝐜𝐭𝐢𝐨𝐧☆ 2021 𝐒𝐞𝐩 24 ➪ 2023 June 5