ကားပေါ်ရောက်တဲ့ထိ တိတ်ဆိတ်စွာလိုက်ပါလာသော Taehyung......
ဂီနှင့်ဂျီတို့က တစ်ကားသက်သက်စီ...
Taehyung ကသာ ဦး တို့နှင့် လိုက်လာရသည်......ကားရှေ့ခန်းတွင် ထိုင်နေသော ဦးကအနောက်သို့ လှည်ကြည့်လှည့်ကြည့်နှင့်.....
" သူ့ကောင်မလေးကို စိတ်ပူနေတာနေမှာ...... ဟင်း..... ''
Taehyung စိတ်တိုတိုနှင့် တွေးပစ်လိုက်သည်.....
နားကြပ်လေးတပ်ကာ သီချင်းကို မိုင်ကုန်ဖွင့်ထားလိုက်သည်....
ဟုသည်လေ သီချင်းက ခံစားရတာကို သက်သာစေတယ်....
_________________
Jungkook လေဆိပ်သို့ရောက်ရောက်ချင်း ကလေးငယ်ကို လိုက်ရှာနေမိသည်......
တွေ့လိုက်ရသည်က ကောင်လေးသုံးယောက်....
ပုပုလုံးလုံးကောင်လေးက ပြုံးရယ်ကာ ပထမဆုံးနှုတ်ဆက်သည်.......
အစပထမတော့ ကလေးငယ်ဟုထင်ခဲ့သည်....
သေချာပြန်မေးမှ အနောက်တွင် ခေါင်းလေးငုံ့ထားသော ကောင်လေးဖြစ်နေမှန်းသိရသည်....
ငယ်စဉ်ကတည်းက ချီပိုးခဲ့ရသော ကလေးငယ်ကား ခုတော့ လူကြီးဖြစ်နေပီ.....
မျက်နှာလေးမော့လာတော့လည်း အရင်တုန်းကအတိုင်းပင်.....
ပို၍ ချောလာသည်ဟု ဆိုရလောက်သည်.....
မျက်ဝန်းညိုညိုလေးများကား မပြောင်းလဲ.....သို့သော်လည်း တူအဖြစ်ပဲဟု သဘောထားကာ အတင်းလိုက်လာသော ချစ်သူ Daryoung နှင့် မိတ်ဆက်ပေးလိုက်သည်.....
Daryoung ကိုကြည့်သော ကလေးမျက်လုံးများက အသက်မပါသလို....
Jungkook စိတ်ထိန်းထားသည့်ကြားမှ ကားနောက်ခန်းတွင် ထိုင်နေသော ကလေးငယ်ဆီ အကြည့်ရောက်ရောက်သွားသည်.....
နားကြပ်လေးတပ်ကာ မျက်လွှာချထားသော ထိုကောင်လေးကား လှမြဲလှလျက်......
ငယ်ငယ်က အလှကို သတိမထားမိပေမယ့် ခုလိုမြင်ရတော့ Jungkook ရင်ခုန်သံမြန်လာရသည်.....
YOU ARE READING
𝙳𝚎𝚊𝚛 𝙾𝚘 { COMPLETED }
Fiksi Penggemar𝚂𝚘𝚛𝚛𝚢 𝚏𝚘𝚛 𝚖𝚢 𝚛𝚎𝚟𝚎𝚛𝚢 𝚝𝚘 𝚜𝚊𝚢 𝙸 𝚕𝚘𝚟𝚎 𝚢𝚘𝚞_ 𝙹𝚎𝚘𝚗 𝚓𝚞𝚗𝚐𝚔𝚘𝚘𝚔 𝚇 𝙺𝚒𝚖 𝚃𝚊𝚎𝚑𝚢𝚞𝚗𝚐