LIA • 25

853 147 11
                                    

အခန်းထဲမှာ နံရံပေါ်က နာရီမှ စက္ကန့်လက်တံသံ တချောက်ချောက်ကို ကြားနေရသည်ထိ တိတ်ဆိတ်နေသည်။ ကုမ္မဏီတစ်ခုလုံးကို ဦးဆောင်နေတဲ့သူပေမယ့် အခုချိန်မှာတော့ စာခိုးချတာမိသွားတဲ့ ကျောင်းသားလို Jong In ခံစားနေရသည်။

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Sehun ကို လှမ်းကြည့်လိုက်တော့လည်း ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။

" သားက ခေါ်လာပြီး မိတ်ဆက်ပေးမယ်လို့တော့ ပြောထားပါတယ်။ ဒါပေမယ့် ညနေက ထွက်သွားတာ ညကျတော့ ပါလာတဲ့အထိ မြန်လိမ့်မယ်လို့ အန်တီမထင်ထားဘူး။ "

တိတ်ဆိတ်နေသည့် ဧည့်ခန်းကို Sehun အမေက ရေတစ်ခွက်ယူလာပေးရင်း စကားစလိုက်သည်။ Jong In လည်း ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ကာ နှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ ဦးနဲ့အန်တီ... ကျွန်တော်က Kim Jong In ပါ... "

" သားပြောပြထားလို့ အန်တီတို့ သိပြီးပါပြီ... ။ အခုအိမ်လည်း သိသွားပြီဆိုတော့ နောက်လည်း ဝင်ထွက်ပေါ့... ဟုတ်ပြီလား။ ဒီကလေး မလိမ္မာလို့ရှိရင်လည်း အန်တီတို့ကိုပြော... ။ ထမင်းရော စားပြီးပြီလား။ မစားရသေးရင် အန်တီတို့နဲ့ တစ်ခါတည်း ဝင်စားသွားလေ။ "

ဦးလေးက ဘာမှမပြောဘဲ ခပ်တည်တည်နဲ့ ထိုင်နေပေမယ့် အန်တီကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ ပြောလာပါသည်။ Jong In စိတ်ထဲမှာ ကျေနပ်နေမိသည်။ အဆူခံ အကောခံရမယ် ထင်ခဲ့ပေမယ့် နွေးနွေးထွေးထွေး ဆက်ဆံခံရတာမို့ အတိုင်းမသိ ပျော်မိသည်။ မေမေဆုံးသွားပြီးတည်းက လူကြီးတွေနဲ့ စကားပြောရတာ ဒါပထမဆုံးပင်။

" ကျွန်တော် Sehun နဲ့ အပြင်မှာ စားပြီးပါပြီ အန်တီ။ Sehunnie က လိမ္မာပါတယ်။ ကျွန်တော့်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါဆို ညလည်းနက်နေပြီဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး။ "

ဦးလေးက ခေါင်းအသာငြိမ့်ပြသည်။

" သား... မင်းအစ်ကိုကို ခြံရှေ့ထိ လိုက်ပို့လိုက်ပါဦး။ "

Sehun က ဟိုဘက်လမ်းထိပ်မှာ ရပ်ထားတဲ့ ကားနားထိ လိုက်ပို့ပေးသည်။ လမ်းတလျှောက်မှာလည်း အိမ်ကမိသွားလို့ ဘယ်လောက်ထိ လန့်သွားကြောင်း ပြောလာတာ။ Jong In ဘာမှ ပြန်မပြောမိဘဲ နှုတ်ခမ်းလေးတဆူဆူနဲ့ စကားတွေတတွတ်တွတ်ပြောနေတဲ့ ကလေးကိုသာ ငေးနေမိသည်။

Love is Art [COMPLETED]Donde viven las historias. Descúbrelo ahora