LIA • FINAL

1.3K 129 41
                                    

" sorry ပါ အစ်ကို... ကျွန်တော်နည်းနည်း နောက်ကျသွားတယ်။ "

Sehun မျက်နှာလေးငယ်ပြီး တောင်းပန်လိုက်ပေမယ့် အစ်ကိုက စိတ်မဆိုးဘဲ ပြုံးပြီးသာ ပြန်ဖြေသည်။ ပုံမှန်ဝတ်လေ့ဝတ်ထ မရှိတဲ့ long coat နဲ့ အစ်ကို့ပုံစံက အရင်နေ့တွေကထက် ပိုကြည့်လို့ကောင်းနေသည်။

" ရပါတယ်... ကိုယ်လည်း ခုနကမှ ရောက်တာ "

အစ်ကိုက ကားတံခါးဖွင့်ပေးထားတာမို့ ကားပေါ်မှာ အဆင်သင့် တက်ထိုင်လိုက်ရင်း တောင်းပန်လိုက်သည်။ ညက ကုမ္မဏီက အလုပ်နည်းနည်းများ သွား၍ အိပ်ရာထနောက်ကျသွားရသည်။ ကုမ္မဏီကို စဝင်ကာစ အလုပ်သင်တစ်ယောက်က အလုပ်များတာလည်း မထူးဆန်းပါဘူးလေ။ နောက်ကျမှ နိုးတဲ့သူနဲ့ မနက်စောစော လာခေါ်တဲ့ အစ်ကိုကြောင့် ချိန်းထားတဲ့အချိန်ထက် နာရီဝက်လောက်တော့ နောက်ကျသွားရသည်။

ဆောင်းဦးမနက်စောစောမို့ ထင်သည်။ ကောင်းကင်ကြီးမှာ ကြည်လင်​နေပြီး လမ်းတစ်လျှောက် အားကစားလုပ်သူတွေနှင့် ပြည့်နေသည်။ အစ်ကိုက ဘာမှမပြောသေးတာမို့ Sehun ကားအပြင်ဘက်ကိုသာ ပြတင်းပေါက်မှတဆင့် ကလေးတစ်ယောက်လို အကုန်လိုက်ကြည့်နေမိသည်။

" ကလေး မနက်စာ မစားရသေးဘူးမလား။ ဒီနားမှာ ဆန်ပြုတ်ဆိုင် ကောင်းကောင်းရှိတယ်။ "

Sehun တို့ တက်ခဲ့တဲ့ တက္ကသိုလ်ရှေ့က ဆိုင်မှာ ရပ်လိုက်တာမို့ အနည်းငယ်အံ့အားသင့်မိသွားသည်။ အခုမှသတိထားမိတာ ဘယ်သွားမယ်မပြောတဲ့ အစ်ကိုက တက္ကသိုလ်ဘက်ကို ဦးတည်ပြီး မောင်းလာတာပဲ။

ဆန်ပြုတ်ဆိုင်ထဲမှာ ဝင်ထိုင်လိုက်ရင်း အစ်ကိုက မှန်ကတဆင့် တက္ကသိုလ်ထဲကို ငေးနေသည်။ မတွေ့ရတာကြာတဲ့ မိတ်ဆွေဟောင်းကြီးကို ပြန်တွေ့လိုက်ရသလို အစ်ကို့မျက်လုံးထဲမှာ လွမ်းဆွတ်မှု ကြည်နူးမှုတွေ အပြည့်နှင့်။

" လက်တွေ အေးနေပြီလား။ "

အစ်ကိုက ပြုံးပြီး သူ့လက်တွေကို ဆုပ်ကိုင်ရင်း ပြောလာသည်။ တကယ်တမ်းတော့ အစ်ကို့လက်တွေက သူ့လက်တွေထက် ပိုအေးနေခဲ့တာ။

Sehun ခေါင်းခါပြလိုက်ရင်း အစ်ကို့နည်းတူ အပြင်ဘက်ကို ငေးနေမိသည်။ ဆုပ်ကိုင်ထားတဲ့ လက်တွေကိုလည်း မလွှတ်ခဲ့။ အစ်ကို့လက်တွေ အေးနေတယ်မလား။

Love is Art [COMPLETED]Donde viven las historias. Descúbrelo ahora