LIA • 6

2.3K 368 61
                                    

စာမေးပွဲခန်းထဲမှာမို့ နဂိုတည်းက အခုန်မြန်နေတဲ့ Sehun နှလုံးသားက နှစ်ဆတိုးကာ ခုန်သွားသည်။ သူ့ဘေးက ခုံနံပါတ်က အစ်ကို့နံပါတ်တဲ့လား… ။

စာမေးပွဲခန်းထဲထိတော့ လိုက်မပြုစားသင့်ပါ… အစ်ကိုရေ… ။ အမှတ်နည်းရင် အစ်ကို့ကြောင့်ပဲ… ။

အစ်ကိုက ဘေးနားကို ရောက်လာပြီး သူ့ကိုပြုံးပြသည်။ ထို့နောက် သူ့မေးခွန်းသူယူကာ ဖြေနေတော့သည်။ Sehun မှာသာ ရင်တလှပ်လှပ်နှင့်… ။

မေးခွန်းပဲ ခက်နေတာလား… အစ်ကိုပဲဘေးမှာ ထိုင်နေလို့လား… မသဲကွဲပေမယ့် စိတ်လှုပ်ရှားနေမိတာတော့ အမှန်… ။

mcq ရဲ့ နောက်ဆုံးမေးခွန်းတစ်ပုဒ်မှာ Sehun ချွေးပြန်နေမိသည်။ ဒီဟာကို သူကြည့်လာခဲ့ပါတယ်… ဘာလို့  စာမေးပွဲခန်းထဲရောက်မှ မေ့သွားရတာလဲ… ။ ရှေ့က ပုစ္ဆာတွေကိုလည်း မဖြေနိုင်ခဲ့၍ mcq တိုင်းက Sehun အတွက် အရေးကြီးနေသည်။

နာရီကို ကြည့်လိုက်တော့ သုံးမိနစ်လောက်ပဲ လိုတော့သည်။ တချို့ကျောင်းသားတွေလည်း စာမေးပွဲခန်းထဲက ထွက်ကုန်ပြီ… ။ Sehun လည်း မျက်စိမှိတ်ပြီး ထင်ရာ တစ်ခုခုရွေးလိုက်ဖို့ စဉ်းစားနေတုန်း ရှေ့တည့်တည့်မှာချထားတဲ့ စာရွက်က ပန်ကာလေနဲ့ လွင့်ပြီး အောက်ပြုတ်ကျသွားသည်။

Sehun ထိုင်နေရာမှထပြီး ကောက်ဖို့လုပ်လိုက်ပေမယ့်…

" အစ်ကို ကောက်ပေးမယ် "

အစ်ကိုက စာရွက်ကောက်ပေးပြီးသည်နှင့် သူ့အဖြေစာရွက်ကို ဆရာမကို အပ်ပြီး အခန်းပြင်ကို ထွက်သွားသည်။ Sehun လည်း တစ်ခုခုရွေးလိုက်တော့မည်ဟု မေးခွန်းစာရွက်ကို ကြည့်လိုက်ရာ နံပါတ် (c) ကို tick လုပ်ထားသည်ကို တွေ့လိုက်ရသည်။

" အချိန်ပြည့်ပြီ… အဖြေစာရွက်တွေသိမ်းမယ် "

Sehun လည်း (c) ဟုသာ မြန်မြန်ကောက်ရေးပြီး စာမေးပွဲခန်းထဲမှ ထွက်လာလိုက်သည်။ အပြင်ရောက်မှ အဖြေတိုက်ကြည့်လိုက်ရာ (c) မှာ အဖြေမှန်ဖြစ်နေသည်။

Sehun ပျော်နေမိတုန်း ဘေးကနေ ဖြတ်သွားတဲ့ အစ်ကို့ကို ဖြတ်ကနဲတွေ့လိုက်သည်။ အစ်ကို့ကို ကျေးဇူးတင်စကားပြောဖို့ အစ်ကို့နောက်ကို လိုက်သွားမိတော့…

Love is Art [COMPLETED]Où les histoires vivent. Découvrez maintenant