LIA • 12

1.9K 332 66
                                    

" သားငယ်… မျက်လုံးတွေလည်း ညိုမဲနေတာပဲ… ညက မအိပ်ဘူးလား "

မေမေ့အမေးကို Sehun ခေါင်းခါပြပြီး ဖြေလိုက်သည်။

" မဟုတ်ပါဘူး… အိပ်ပါတယ် မေမေ "

အမှန်တော့ ညက သူလုံးဝမအိပ်ရသေး… ။ အစ်ကို့အမေနဲ့သွားတွေ့ပြီး ပြန်လာတည်းက အစ်ကို့ကို နည်းမျိုးစုံဖြင့် ဆက်သွယ်ခဲ့သည်။ သို့သော် ဖုန်းလည်း ပိတ်ထားသည့်အပြင် လိုင်းလည်းတက်မလာ… ။ စာတွေလည်း ဆက်တိုက်ပို့ထားပြီး mail လည်း ပို့ထားသည်။

အစ်ကိုဖုန်းပျောက်တာတို့ ဘာတို့ ဖြစ်တာနေမှာပါ… ။ သူ့စာကို မြင်ရင်တော့ အစ်ကို ဆက်သွယ်လာမှာပါ… ။ဒီအခြေအနေထိတောင် သူအစ်ကို့ကို ယုံနေဆဲ… ။

" ဖေဖေရော မေမေ "

မနက်စာစားဝိုင်းမှာ ဖေဖေ့ကိုမတွေ့တာကြောင့်ကို စကားလမ်းကြောင်း ပြောင်းချင်တာရောကြောင့်ပါ Sehun မေးလိုက်သည်။

" company မှာ ပြသနာတက်လို့ မနက်အစောကြီးတည်းက သွားပြီ… ခုတလော မင်းအဖေစိတ်ရှုပ်နေတယ်ထင်တယ်… "

Sehun ဘာမှပြန်မပြောဘဲ မနက်စာကိုသာ တိတ်တဆိတ်စားနေမိသည်။ သူကျောင်းသွားရမည်။ ကျောင်းမှာ အစ်ကိုနဲ့ တွေ့ရမှကို ဖြစ်မည်။

ကျောင်းရောက်တော့ Sehun အတန်းမတက်ဘဲ အစ်ကို့အတန်းရှေ့မှာသာ အစ်ကိုရောက်လာမည့် အချိန်အထိ စောင့်နေမိသည်။ စီနီယာတန်းမှာ ဒီနေ့ စာမေးပွဲရှိတယ်တဲ့… ။ အစ်ကို ကျိန်းသေ လာကိုလာမှာ။

အတန်းဆင်းခေါင်းလောင်း သုံးကြိမ်တိတိမြည်ပြီးသည့် နောက်တွင် ကျောင်းသားများ အားလုံး နေ့လည်စာအတွက် အပြင်ထွက်လာကြသည်။ အစ်ကိုကတော့ ခုထိ အတန်းကို ရောက်မလာသေး… ။

Sehun အတန်းရှေ့မှာ ထိုင်နေမိဆဲ။ ငုတ်တုတ်ထိုင်နေတဲ့ သူ့ဘေးမှာ လာရပ်တဲ့ ခြေထောက်တစ်စုံကြောင့် အစ်ကိုအမှတ်နဲ့ ဝမ်းသာအားရ မော့ကြည့်လိုက်ပေမယ့် Sehun ဆုတောင်းတွေ မပြည့်ဝခဲ့။

ငွေမှင်ရောင်ဆံပင်များဖြင့် သူ့ကိုလက်ပိုက်ကြည့်နေသော အစ်ကိုအဖြူလေး… ။

" Sehunna… ကိုယ့်အတွက်မဟုတ်တဲ့ အရာတစ်ခုအတွက် ဘာလို့အပင်ပန်းခံနေမှာလဲ… "

Love is Art [COMPLETED]Où les histoires vivent. Découvrez maintenant