" Jongin... မင်းသူ့ကို လွန်ခဲ့တဲ့ခြောက်နှစ်က ကိစ္စတွေ အကုန်လုံးရှင်းပြသင့်တယ်လို့ မထင်ဘူးလား "
Jongin ကြည့်လက်စ ဖိုင်တွဲကို ပိတ်လိုက်ပြီး သူ့စားပွဲပေါ် အခန့်သား လာထိုင်နေတဲ့ Zhang Yixing ကို ကြည့်လိုက်သည်။ သူအလုပ်မရှိဘူးလား... ဘာလို့ အခန်းထဲ ခဏခဏဝင်လာမှန်းမသိ။ ဝင်လာတိုင်းလည်း ဒီကိစ္စတွေပဲ ပြောသည်။
" စားပွဲပေါ်မှာ မထိုင်နဲ့.... ဖယ်စမ်းပါကွာ "
Jongin လက်ထဲက စာရွက်နဲ့ ကျောကို ပိတ်ရိုက်လိုက်တော့ စားပွဲပေါ်က ဆင်းကာ အနားမှာ လမ်းပတ်လျှောက်နေသည်။
" ငါပြောတာလည်း ပြန်ဖြေဦးလေ.... "
Jongin လက်ထဲက ဘောပင်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ၂၈ ၂၉ ရက်တွေလောက် အလုပ်ရှုပ်တာ ဒီရက်တွေပဲရှိသည်။ ကိုယ်တောင် အိမ်ကို အတော်နောက်ကျမှ ပြန်ရတာ ရက်ဆက်နေပြီ။
အခုလည်း ည ၉ နာရီကြီး.... ဒီဖိုင်တွဲလေး အဆုံးသတ်ရင် အိမ်ပြန်မယ် စဥ်းစားထားပေမယ့် Zhang Yixing က အလုပ်မဆင်းသေးဘဲ လာရစ်နေသည်။
" မင်းမှာ လုပ်စရာမရှိဘူးလား... ဟမ်... လုပ်စရာမရှိရင်လည်း ငါ့အလုပ်တွေ တစ်ဝက်ခွဲယူသွားလိုက်... လာစားနေတယ် "
Zhang Yixing ကတော့ သူသိချင်တာ မပြောမချင်း ဒီအခန်းထဲက ထွက်မယ့်ပုံမပေါ်။ ခုနက Jongin ချထားသည့် ဘောပင်ကိုယူကာ လှည့်နေသည်။ ဇွဲကောင်းတာသိပေမယ့် မဟုတ်တဲ့နေရာမှာလာပြီး ကြိုးစားနေသည်။
" ဒီအကြောင်းတွေ ပြန်ပြောလို့ရော ဘာထူးသွားမှာလဲကွာ... ငါက တမင်ဆင်ခြေပေးတယ်ပဲ ဖြစ်သွားမှာပဲကို... အဲ့တာကြောင့် ပြောဖို့မလိုဘူးထင်လို့ "
Jongin စကားဆုံးတော့ Yixing က လက်ထဲမှာဆော့နေတဲ့ ဘောပင်ကို စားပွဲကို လက်နဲ့ရိုက်ရင်း ဘုန်းကနဲ ပြန်လာတင်သည်။
" အေး... အဲ့ဒီမှာ တစ်သက်လုံး မပွင့်မလင်းနဲ့ မြုံစိမြုံစိလုပ်နေ... ဟိုက မင်းဆီ ပြန်လာတော့မှာ မဟုတ်ဘူး "
" ဟေ့ကောင် ပါးစပ်ပုတ်ကြီးနဲ့ကွာ ... "
ပြောပြီး အခန်းထဲက ထွက်သွားပေမယ့် Jongin ချက်ချင်း အနားက ဘောပင်နဲ့ ပစ်ပေါက်လိုက်ပါသေးသည်။ ဒါပေမယ့် ဘောပင်လေးက Zhang Yixing ကို မထိပဲ အခန်းတံခါးကိုပဲထိပြီး အောက်ပြုတ်ကျသွားသည်။
VOUS LISEZ
Love is Art [COMPLETED]
FanfictionThe Art of Love is who you share it with... Christmas present from Me!!!