LIA • 24

975 158 30
                                    

လူခေါ်ဘဲလ်ခလုတ်ကို ဆက်တိုက်နှိပ်ရင်း Sehun အခန်းတံခါးရှေ့မှာ ရပ်နေမိသည်။ ကော်ရစ်တာအဆုံးက မှန်တံခါးကတဆင့် မှောင်မဲနေသည့် ကောင်းကင်ကြီးကို ငေးရင်း သက်ပြင်းချမိတာလည်း အခါခါ။

ဘာလို့ ခုထိတံခါး လာမဖွင့်သေးတာလဲ။

ကျွီ...

တံခါးပွင့်လာပြီး အပြင်ဘက်ကို ခေါင်းပြူကြည့်လာတဲ့ အစ်ကို... ။ သူ့ကိုတွေ့တော့ တံခါးဖွင့်ပေးသည်။

" Sehun... လာလေ။ "

ဆွယ်တာအင်္ကျီအထူကြီးနဲ့ ဂွမ်းဘောင်းဘီပွပွကြီး ဝတ်ထားတဲ့ အစ်ကိုက ခုထိ နေမကောင်းသေးတာလား။

နေမကောင်းတဲ့သူကို ဒီစကားတွေပြောလို့ ဖြစ်ပါ့မလား။ နောက်နေ့မှပဲ ပြန်လာရမလား။

Sehun တံခါးဝမှာ ရပ်နေရင်း တွေဝေနေမိသည်။

" ကလေး ဝင်လာခဲ့လေ။ အပြင်မှာ အေးတယ်။ "

Sehun ထပ်စဥ်းစားမနေတော့ဘဲ ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှာတော့ သောက်လက်စ ကော်ဖီတစ်ခွက်နဲ့ ဆန်ပြုတ်ပန်းကန်တစ်ခု။

အစ်ကိုက သူ့ရှေ့က ခုံမှာ ဝင်ထိုင်သည်။

" ဆေးရော သောက်ပြီးပြီလား။ "

အစ်ကိုက ခေါင်းခါသည်။

" မသောက်ရသေးဘူး။ အခုပဲ သောက်မလို့ပဲ။ "

" ဆေးက ဘယ်မှာလဲ။ "

" ရတယ်။ ကိုယ့်ဘာသာ ယူသောက်လိုက်ပါ့မယ်။ "

Sehun က ဘာမှပြန်မပြောဘဲ ကြည့်နေတော့မှ ဆေး ထားထားသည့် နေရာကို ပြောပြသည်။ သူသိတာပေါ့။ ဒီအတိုင်းသာဆိုရင် ဆေးသောက်မယ့်သူ မဟုတ်ဘူးဆိုတာ။

အိပ်ခန်းထဲက စားပွဲပေါ်က ဆေးထုပ်ကို သွားယူပြီး ရေနွေးနွေးလေးတစ်ခွက်ယူကာ ဧည့်ခန်းကို ပြန်လာခဲ့သည်။

" ရော့ ဆေးသောက်လိုက်ဦး။ "

ငြင်းဆန်ခြင်းမပြုဘဲ Sehun ပေးတဲ့ဆေးကို ချက်ချင်းယူသောက်လိုက်သည်။ နှစ်ယောက်လုံး ရှိုးတို့ရှန်းတန်းနဲ့ ဘာပြောရမှန်းမသိ။ Drama တစ်ခုလာနေတဲ့ tv ကိုသာ စိတ်မပါဘဲ ငေးနေမိသည်။

Love is Art [COMPLETED]Dove le storie prendono vita. Scoprilo ora