LIA • 14

1.8K 335 58
                                    

" အစ်ကို့မှာ…… ပြန်လာဖို့ …… အခွင့်အရေး …… ရှိနိုင်မလား… "

.
.
.
.
.

Sehun တစ်ချက် ရယ်လိုက်ရင်း ကိုင်ထားသည့် လက်ကို ရုန်းလိုက်သည်။ ထို့နောက် ထိုလူကို ပြန်မော့ကြည့်ရင်း…

" sorry… ကျွန်တော် ခင်ဗျားကို မသိဘူး "

အေးစက်စက်နဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းက ထိုလူရဲ့ ရင်ဘတ်ကို ဘယ်လောက်ထိတောင် နာကျင်စေမလဲ။ ခပ်များများလေး နာကျင်စေဖို့တော့ မသိစိတ်က မျှော်လင့်မိသည်။

" … "

သီချင်းတွေဆိုကာ ဆူညံနေပေမယ့် သူတို့နှစ်ယောက်ကြားမှာတော့ တိတ်ဆိတ်နေသည်။ Sehun ဆိုင်ထဲမှာ ဆက်မနေချင်တော့၍ အိတ်ကိုဆွဲကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ ဘယ်သူ့ကိုမှလည်း မနှုတ်ဆက်ဖြစ်။

ဆိုင်အပြင်ဘက် ခပ်ဝေးဝေး bus ကားမှတ်တိုင်ရောက်မှ Sehun ထိုင်ချလိုက်သည်။

သူ့ကို မုန်းပါတယ်လို့ ကိုယ့်ကိုကိုယ်အကြိမ်ပေါင်းများစွာ ပြန်ပြောနေခဲ့ပေမယ့် မသိစိတ်ကတော့ ပြန်လာဖို့ မျှော်လင့်နေခဲ့မိတာလား… ။

ပြန်လာစေဖို့ မျှော်လင့်ခဲ့မိရင်တောင် ပြန်ပတ်သတ်မှာတော့ မဟုတ်။ အခု Oh Sehun က လွန်ခဲ့တဲ့ ၇ နှစ်က Oh Sehun လို သူပြောသမျှ ခေါင်းငြိမ့်ပြီး နာခံတတ်တဲ့ ခပ်နုံနုံ ကောင်လေးမဟုတ်တော့ဘူးဆိုတာ သက်ဆိုင်သူကို သိစေချင်သည်။

bus တွေ သူ့ရှေ့မှ ဖြတ်သွားကြသည်။ တစ်စီး နှစ်စီး ဘယ်နှစ်စီးမှန်း ရေတွက်၍ မရတော့။ ကားမှတ်တိုင်မှာ အရူးတစ်ယောက်လို ထိုင်နေခဲ့မိတာပင်။

ဖိနပ်ဦးပေါ်ကို ဆက်တိုက်ကျလာတဲ့ စိုစွတ်မှုတွေက သူနဲ့ပတ်သတ်လာရင် ပျော့ညံ့နေဆဲဆိုတဲ့ လက္ခဏာလား… ။

ပါးစပ်က ပြောမထွက်ပေမယ့် ရင်ထဲမှ အကြိမ်ကြိမ်မေးနေမိသည်က…

ဒီအတောအတွင်းမှာ အစ်ကို အဆင်ပြေရဲ့လား… ။

------------------------------------------

မနေ့ညက တော်တော်နဲ့ အိပ်မပျော်ခဲ့တာကြောင့် Sehun ဒီနေ့ အလုပ်နောက်ကျသည်။ နောက်ကျသည်ဆိုပေမယ့် company ရှေ့ကိုတော့ ၉ နာရီ ကွက်တိရောက်သွားသည်။

Love is Art [COMPLETED]Donde viven las historias. Descúbrelo ahora