လမ်းဘေးပလက်ဖောင်းထက်တစ်နေရာတွင် ကျောက်ရုပ်သဖွယ်ရပ်နေသည့် ရှည်ရှည်သွယ်သွယ်ကောင်လေး။
နဖူးပြင်ထက်ရှိ မျက်ခုံးနက်နက်တို့သည် ရှုံ့တွနေပြီး နှုတ်ခမ်းပါးပါး၏ညာဘက်ထောင့်တွင်တော့ အနည်းငယ်ကွေးနေသယောင် မချိပြုံးတစ်ခုကိုဆင်မြန်းထားသည်။" အဟက် "
လေသံလောက်သာထွက်သော ရယ်သံဟာလည်း ချိုမြိန်မှုကိုကိုယ်စားပြုမနေ။ လက်နှစ်ဖက်မှာတော့ ဘောင်းဘီအိတ်ကပ်တစ်ဖက်တစ်ချက်စီတွင် နေရာယူထားဆဲ။
" H-hyung အဆင်ပြေရဲ့လား "
ကြမ်းပြင်ပေါ်နောက်ပြန်လက်ထောက်နေရာမှ မတ်တပ်ပြန်ထပြီးမေးလာသော ကောင်လေး။
သူတို့နှစ်ယောက်၏မျက်နှာချင်းဆိုင်တွင်တော့ ကျောင်းဝတ်စုံနှင့် ပုပုသေးသေးကောင်လေးဟာ ခွေးပေါက်လေးကိုလက်ဝယ်ပိုက်လျက်။ခေါင်းထက်က နေမင်း၏အပူရှိန်သည်ပင် ဤအခြေအနေလောက် ပြင်းထန်ပါ့ဦးမလား။
" ဟို ဟိုလေ အဆင်ပြေရဲ့လားဗျ "
Jungwon က လောကကြီးတွင်အသေးငယ်ဆုံးမျက်နှာအသွင်ကိုဆောင်လိုက်ပြီး မဝံ့မရဲနှင့်မေးမိသော်လည်း အဖြေမလာ။" ကျွန်တော်...ကျွန်တော်တကယ်တောင်းပန်ပါတယ် ခွေးကလျှောက်ပြေးနေလို့ ကျွန်တော်လည်းလိုက်ဖမ်းနေတုန်း တကယ်တောင်းပန်ပါတယ်ဗျာ "
ထိုသူသည် Jungwon ကိုသာ စိုက်ကြည့်နေဆဲ။ စူးရှသောမျက်လုံးလှလှများဖြင့်။
" အဆင်မပြေရင် စိုသွားတဲ့အင်္ကျီချွတ်ထားပြီး ကျွန်တော့်ကုတ်အင်္ကျီဝတ်ထားလိုက်ပါ ဆက်သွယ်ဖို့နံပါတ်ပေးခဲ့ရင်... "
Jungwonရှင်းပြချက်ကိုနားမထောင်ဘဲ သူ့ရှေ့ကိုပိုနီးကပ်အောင်တိုးလာတဲ့ ခြေတစ်လှမ်း။
ထိုသူက ခါးကိုအသာကိုင်း ခေါင်းကိုဘေးစောင်းကာ..." မင်းခွေးကိုငါစိတ်မဝင်စားဘူး မင်းအင်္ကျီလည်းမလိုဘူး "
" ... "
" ဒီအင်္ကျီတန်ဖိုး မင်းသိလား ငါဟိုတစ်ခါဂျပန်သွားတုန်းက ဝယ်လာတာကွ ငါအကြိုက်ဆုံးအင်္ကျီထဲမှာပါတယ် မင်းနားလည်လား "
" ဗျာ...ဟို "
" ထားလိုက်တော့ မင်းနဲ့နောက်မှရှင်းမယ် "
Jungwon၏ နဖူးကို လက်ညိုးနှင့်ထောက်ပြီး အနောက်သို့ယိုင်အောင် တွန်း၍ပြောသည်။
အအေးများရွှဲနေသော ကုတ်အင်္ကျီနှင့် အထဲမှvestအညိုရောင်ကိုပါ ချွတ်လိုက်ပြီး shirt အဖြူကိုပါ ထပ်ချွတ်ပြန်သည်။ ရုတ်တရက်လန့်သွားမိသော်လည်း အထဲတွင် စွပ်ကျယ်တစ်ထပ်ပါသေး၍ တော်သေးသည်ဟုပြောရမည်။
သန်မာပုံထင်ရသည့် လက်မောင်းတို့ကအဖွေးသား။ ထိုလက်တို့ကအင်္ကျီများကိုကိုင်ကာ ဦးတည်ရာသည် ဘေးနားရှိအမှိုက်ပုံးငယ်ဆီသို့။
ထိုသူ့မျက်လုံးများသည် Jungwonအင်္ကျီရင်ဘတ်နားမှ
Silver Tag လေးအပေါ် ရောက်သွားခဲ့သေးသည်ကိုတော့ Jungwon ကိုယ်တိုင်ပင်မသိလိုက်။
YOU ARE READING
Memories Shout Out BROWN