Part 5 (Zawgyi)

166 13 3
                                    

" Wow ကျောင်းကြီးက တော်တော်ကြီးတာပဲ မိုက်တယ် "
အသစ်အဆန်းကိုအံ့သြနေသည့်မျက်လုံးလဲ့လဲ့များဖြင့် Jungwonတစ်ယောက် ဆရာနားနေခန်းနားတွင် ယောင်လည်လည်။

" ကောင်လေး ဘာကိစ္စရှိလို့လဲ "

" ဟို တီချယ်မင်္ဂလာပါ သားမနေ့ကကျောင်းမတက်လို့ အဲ့ဒါဒီနေ့.."

" အော် သားက Jungwon ထင်တယ် ဟုတ်လား "

" အာ ဟုတ် ဟုတ်ပါတယ်တီချယ် "

" အင်း MD မနေ့ကဖုန်းဆက်ပြောတယ် လာ သားနေရမယ့်အခန်းလိုက်ပြမယ်လေ "
ဆရာမကသဘောကောင်းပုံထင်ရပြီး အခန်းလိုက်ပြရန်ခေါ်နေသောကြောင့် ဆရာမခေါ်ရာနောက်သာ တိတ်တိတ်လေးလိုက်မိတော့သည်။

" Youngbin-ah သား Attendence လာစစ်တာလား ဒီကျောင်းသားဖြစ်လိမ့်မယ် မနေ့ကတီချယ့်ကို MDခွင့်တိုင်ပြီးသားမို့ Penalty မပေးနဲ့တော့နော် "
ဆရာမလှမ်းပြောနေသည်က Jungwonထက် အသက်ကြီးပုံထင်ရသည့် အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်။
Attendence လာစစ်တယ်ဆိုတော့ အတန်းကြီးကဖြစ်မည်။

" အော် ဟုတ်ကဲ့ ဟုတ်ကဲ့ သိပါပြီတီချယ် "
ထို Senior က တီချယ့်ကိုပြန်ဖြေသည်နှင့် တီချယ်ထွက်သွားပြီးနောက် Jungwonနှင့်သူသာကျန်ခဲ့သည်။

" ငါက Lee Youngbin အထက်တန်းနောက်ဆုံးနှစ်ကပဲ School Council ရဲ့အတွင်းရေးမှူး နောက်ဆိုလိုတာရှိရင်ပြော
အခု မင်းကို EN-Prince တွေဆီ လိုက်ပို့ပေးမယ် လာ "

" Ahh ဟုတ်ကဲ့ Sunbaenim "

School Council ရဲ့ အတွင်းရေးမှူးဆိုပါလား။
ဒါဆို ဒီအကိုကတော်တော်အာဏာရှိတာပေါ့။

Jungwon ဟိုသည်လျှောက်တွေးရင်းသာ Youngbin Sunbae သွားရာနောက် လိုက်ခဲ့သည်။
အထက်တန်းဆောင်ဟုခေါ်ရာအဆောင်ဘက်သွားပြီး အခန်းတစ်ခန်းရှေ့ရောက်တော့ Youngbin Sunbae က သူ့ကိုခဏစောင့်ဖို့ပြောပြီး တံခါးဖွင့်ဝင်သည်။

စပ်စုတတ်သည့်စိတ်က ထိန်းချုပ်မရသည့်အဆုံး
Jungwon မှန်တံခါးမှ မသိသာအောင်ချောင်းကြည့်မိသည်။

အခန်းကျယ်ကျယ်ထဲတွင် Youngbin Sunbae အပါအဝင် ငါးယောက်ရှိသည်။ ကျန်လေးယောက်သည် Youngbin Sunbae ပြောသော EN-Prince ဆိုသူများ ဖြစ်လိမ့်မည်။

Memories Shout Out BROWNWhere stories live. Discover now