Part 6 (Zawgyi)

161 17 2
                                    

ကျောင်း၏ Hall ခန်းသည် ထင်ထားသည်ထက်ပင် ကျယ်လွန်းလှသည်။ Jungwon မြင်ဖူးသော အကျယ်ဆုံး Hallခန်းများထက် လေးဆလောက်ပင် ပိုကျယ်သည်။
Daegu ကျောင်း၏ Hall ခန်းမှာမူ သည်တစ်ခုနှင့်ယှဉ်လျှင်
ဆင်နှင့်ဝေလငါးလောက် ရှိရော့မည်။

စကားသံများတစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေသော ကျောင်းသားများကို Stageထက် နေရာယူလိုက်သော လူလေးယောက်တို့က ချက်ချင်းဆိုသလိုတိတ်စေသည်။

" EN-Planet ရဲ့ 2021 Fresher Welcome ကို နောက်လရဲ့ ပထမဆုံးအပတ် တနင်္ဂနွေမှာ ကျင်းပမယ် "
ထိုအသံကို Hall တစ်ခုလုံး ပြန့်နှံ့စေသူက...

" Wow Jay Hyung ပဲ "
ရင်းနှီးနေသူတစ်ယောက်ကို Stageထက်တွင်တွေ့လိုက်ရသည်မို့
Jungwon ဝမ်းသာစွာ ရွတ်ဆိုမိသည်။

" ဘာလဲ မင်းကသူ့ကိုသိတယ်ပေါ့ "

ဘေးဘက်မှထွက်ပေါ်လာသောအသံကြောင့် ချက်ချင်းလှည့်ကြည့်မိရာ Jungwonနှင့်အရပ်မတိမ်းမယိမ်း ကောင်လေးတစ်ယောက်။
သူ့ကြည့်ရတာ Korean အစစ်မဟုတ်ဘူးထင်တယ်။

" ဟင် အော် အင်း ငါသိတယ်လေ "

" နေပါဦး မင်းကဘယ် year ကလဲ? "

" အလယ်တန်းတတိယနှစ် Sport Major က
မင်းရော "

" ဟားဟား ဟုတ်လား Hyungက အထက်တန်းဒုတိယနှစ်ပဲ မြန်မြန်ပြန်နှုတ်ဆက် "
မင်းမှားသွားပြီဆိုသည့် မျက်နှာပေးနှင့် လက်နှစ်ဖက်ကိုပိုက်ကာ Jungwonကိုကြည့်ရင်း ပြောလာသောကြောင့် Jungwonလည်း အလန့်တကြားနှင့်။

" Ahh...Sunbaenim ကျွန်တော်တောင်းပန်ပါတယ် မသိလိုက်လို့ပါဗျ "
ခါးကပါ အလိုအလျောက် 90° ကုန်းလျက်။

" Imm, That's Okay ငါက Art Majorကပဲ မင်းက Sport ဆိုတော့ အဆောင်နီးသားပဲ
မင်းသူငယ်ချင်းတွေရော? "

" အာ ဟိုဟာ ကျွန်တော်က ဒီနှစ်မှပြောင်းလာတာဗျ ပြီးတော့ မနေ့ကလည်း ကျောင်းပျက်လိုက်မိတယ် အဲ့ဒါကြောင့် သူငယ်ချင်းမရှိသေးဘူး "

" Oh! Really? ဒါဆိုမင်းငါနဲ့ခင်ချင်ရင် ငါမင်းသူငယ်ချင်းလုပ်ပေးနိုင်တယ် ဘယ်လိုလဲ "

" ဟာ တကယ်လား Sunbaenim
Sunbaenimနဲ့ ခင်ခွင့်ရတယ်ဆိုတော့ကျွန်တော်က ဝမ်းသာတာပေါ့ဗျာ "

Memories Shout Out BROWNWhere stories live. Discover now