Part 13 (Zawgyi)

138 11 1
                                    

မနက်မိုးလင်းကတည်းက အိမ်ရှင်းဖို့ပြင်ဆင်ထား၍ Jungwon အလုပ်တွေရှုပ်နေခဲ့သည်။ ခက်သည်က ၉နာရီလောက်တွင် Heeseung Sunbae က ဖုန်းဆက်၍ သူနှင့်အပြင်တူတူသွားရန် အဖော်လာစပ်နေခြင်းပင်။

" မလိုက်ဘူးဗျာ မလိုက်နိုင်ဘူး "

" Yang Jungwon!! မင်းက ငါ့အတွင်းရေးမှူးနော် "

အတွင်းရေးမှူး..အတွင်းရေးမှူးနှင့် ထိုအတွင်းရေးမှူးဆိုသည့် စကားတစ်လုံးကိုင်ကာ ခြိမ်းခြောက်ရသည်ကို အရသာတွေ့နေလားမသိ။
တစ်နေ့တော့ သူ့အင်္ကျီဖိုးကိုရအောင်ပြန်ဆပ်ပြီး အတွင်းရေးမှူးအလုပ်က နှုတ်ထွက်စာသွားတင်ဦးမည်။

" ဟာ့ Sunbae က တကယ်ဆိုးတာပဲဗျာ "

" ဟုတ်တယ် ငါကဆိုးတယ် မင်းကိုဒုက္ခပေးနေတာလေ မင်းလိုက်ခဲ့ရမယ် အိမ်လိပ်စာပို့လိုက် လာခေါ်မယ် ဒါပဲ "
သူပြောချင်ရာကိုတရစပ်ပြောသွားပြီး ဖုန်းချသွားလေတော့သည်။

ဟူး...လာခေါ်မည်ဆိုမှတော့ သွားဖို့ပြင်ဆင်ရဦးမှာပေါ့လေ။

ရေမိုးဝင်ချိုးပြီး အဝတ်အစားဝတ်နေသည့်အချိန် တိုက်အောက်မှ ကားဟွန်းတီးသံကို ကြားရသည်။
T-shirt ပန်းနုရောင်နှင့် ဘောင်းဘီအတိုကို ထသွားထလာပုံစံမျိုးသာ အမြန်ဝတ်လိုက်ပြီး အနည်းငယ်အေးသောကြောင့် အပေါ်မှ Sweater ထပ်ဝတ်ကာ Maeumi အတွက် အစာခွက်ထဲအစာထည့်ပေးခဲ့သည်။ချက်ချင်းပင်ဖုန်းယူ၍အောက်ဆင်းရန်ပြင်လိုက်၏။

အာ..နေဦး။

ရုတ်တရက် ဟိုတလောကယူလာ၍ လျှော်ပေးထားသော Heeseung Sunbae ၏ အင်္ကျီတို့ကို သတိရလိုက်သည်။
ပြန်ပေးရမည်ဖြစ်သောကြောင့် သေချာပေါက်ပြန်ဆုံရပါစေဟု ထိုနေ့ကတောင်းခဲ့သည့်ဆု... ယနေ့တော့ပြည့်သွားလေသည့်ဟန်။

အင်္ကျီအိတ်ပါယူ၍ အောက်ဆင်းခဲ့တော့သည်။

ကျောင်းပထမဆုံးတက်သည့်နေ့က ကျောင်းဝန်းထဲသို့ စည်းကမ်းမရှိစွာအရှိန်ပြင်းပြင်း မောင်းနှင်လာခဲ့သော ထိုပြိုင်ကားညိုညို။
၎င်းကို ယနေ့တော့ ပိုင်ရှင်နှင့်တွဲ၍တွေ့ရ၏။
ပြောင်လက်နေသော ထိုကားနှင့်လိုက်ဖက်စွာ ပိုင်ရှင်သည်
Shirt အပြာရောင်လက်ရှည်နှင့် Jean Pant အရှည်ကို တွဲဖက်ထားပြီး Long Coat အညိုရောင်ကို အပေါ်ကထပ်၍ သပ်ရပ်စွာဝတ်ဆင်ထားသည်။
အထက်တန်းစားဆန်လိုက်လေခြင်း...။

Memories Shout Out BROWNWhere stories live. Discover now