ခံ့ညားဆန်းသစ်သည့်ဒီဇိုင်းဖြင့် ထည်ဝါစွာတည်ရှိနေသော အဆောက်အအုံ။
အထပ်အားဖြင့် သုံးထပ်မြင့်ပြီး ခေါင်မိုးထပ်ပါရှိပုံရသည်။
ကြည်လင်သည့်မိုးပြာရောင်မှန်နံရံများကြောင့် အတွင်းရှိအဆင့်မြင့်အပြင်အဆင်ကို ထွင်းဖောက်မြင်နေရသည်။
အဆောက်အအုံပုံစံသည် ပုံမှန်ထက်အဆပေါင်းများစွာ ဆန်းသစ်နေ၍ နောက်ဆုံးပေါ်ဒီဇိုင်းဟုပင်ထင်ရ၏။
အကြည့်တစ်ချက်ရောက်ရုံနှင့် ပြန်၍မခွာနိုင်သည်အထိ ဆွဲဆောင်နိုင်လွန်းသော ခံ့ညားဆန်းသစ်မှု။
ငယ်ငယ်ကအိပ်မက်မက်ခဲ့ဖူးသော အိမ်ပုံစံမျိုးကို မျက်မြင်ရှေ့မှောက် မြင်တွေ့နေရခြင်း။မိုက်လိုက်တာ...။
ကားပေါ်ကဆင်းဆင်းချင်း အမြင်အာရုံကိုဆွဲဆောင်သည့် ထိုမြင်ကွင်းကြောင့် Jungwon အံ့သြမင်သက်၍သာနေသည်။
" လာလေ ဘာလုပ်နေတာလဲ ဝင်မယ် "
Heeseung Sunbae ၏ အသံပါးက အတွေးစကိုဖြတ်သည်။" ဒါကဘယ်နေရာလဲ Sunbae "
" မင်းကို ငါ့အိမ်ခေါ်လာတာလေ "
" ဗျာ! "
Sunbae ကတော့ လုပ်ပြီ။ ပန်းခြံမှာမတော်တဆအိပ်ပျော်သွားမိသောကြောင့် အခုဆိုလျှင် ညနေစောင်းနေပြီဖြစ်သည်။ အိမ်ပြန်သင့်နေပြီဖြစ်သည့်အချိန်ကို ဘယ်လိုစိတ်ကူးနှင့်ဒီကိုခေါ်လာမှန်း နားမလည်တော့။" Sunbae အိမ်ကိုလာမယ်ဆိုရင်ကြိုပြောတာမဟုတ်ဘူးဗျာ ဒီလိုမှန်းသိရင်ကျွန်တော်လမ်းမှာဆင်းပေးခဲ့မှာပေါ့ဗျ "
" အဲ့လိုဆင်းသွားမှာစိုးလို့ မပြောတာလေ "
" ဗျာ! ကျွန်တော့်ကိုမမေးဘဲ ဒီလိုခေါ်လာတာက အဓမ္မမှုမြောက်တယ်နော် "
" အဲ့တော့ဘာလဲ မင်းကငါ့ကိုထောင်ချတော့မလို့လား "
ကားပေါ်လက်ထောက်လျက် တစ်လောကလုံးကိုဂရုမစိုက်သည့် ထိုမျက်နှာပေးကို သိပ်အမြင်ကတ်ရသည်။" မင်းကိုတစ်နေ့လုံးဘာမှမကျွေးရသေးဘူးလေ ငါတို့နေ့လည်စာတောင်မစားရသေးဘူးမလား မင်းပဲအိပ်ပျော်သွားပြီးတော့ "
အံမယ် သူကပြန်အပြစ်တင်နေသေး။ Jungwon ဘာမှတောင် ပြန်မဖြေရသေးခင် သူ့ခြေတံရှည်များဖြင့် အရှေ့မှမစောင့်ဘဲ သွားပြန်သောကြောင့် အမီလိုက်ရပြန်သည်။
YOU ARE READING
Memories Shout Out BROWN