Part 8 (Unicode)

340 67 9
                                    

လူအများ၏ အကြည့်တို့သည် ကျောင်းဆောင်ထဲသို့လျှောက်လာသော ထိုကောင်လေးထံတွင်သာ။

" Jungwon-ahhhh !!! "
အတန်းထဲဝင်လိုက်သည်နှင့် အသံပြဲလန်စွာနာမည်အော်ခေါ်သည့် ထိုသကောင့်သား Kyungmin ။

" ဟာ ဟေ့ကောင် ဘယ်လိုဖြစ်လို့ အသံပြဲနဲ့လိုက်အော်နေတာလဲ "

" အံမယ် အံမယ် မင်းကနာမည်ကြီးသွားတော့ ငါ့ကိုမခေါ်ချင်တော့ဘူးပေါ့လေ ဟုတ်လား "

" ဘာမှလျှောက်မပြောနဲ့ဟေ့ကောင် "

" တကယ်ပြောနေတာ အခုဆို EN-Prince Lee Heeseung ကို Ramyeonနဲ့ပက်တဲ့ကောင်လေး ဆိုပြီး နာမည်သာမသိရင်ရှိရမယ် မင်းကိုမြင်တာနဲ့အားလုံးတန်းသိနေကြပြီ ဟားဟားဟား "
ခွက်ထိုးခွက်လန်ရယ်၍ပြောနေသည့်ကောင်ကို ခြေထောက်နှင့်သာ တစ်ချက်ပိတ်ကန်မိတော့သည်။

" အာ့! သေပါပြီ Teikwondo ကစားသမားဆိုပြီး ငါ့ကိုအနိုင်ကျင့်နေတာလား ပြော "

" နေစမ်း ဟေ့ကောင် ငါသွားစရာရှိသေးတယ် "

" ငါမင်းထက်အရပ်ရှည်တယ်နော် မင်းငါ့ကိုတော့ Ramyeon နဲ့ လာပက်ရင်တော့ ငါမခံဘူးနော် ဟားဟား
အား နာလိုက်တာ "
Jungwonက အတန်းပြင်ရောက်နေပြီဖြစ်သော်လည်း အသံပြဲနှင့်လှမ်းအော်ပြောနေသည့် Kyungmin ကြောင့် အတန်းသားများရော Corridor မှကျောင်းသားများကပါ Jungwonကိုကြည့်၍ ရယ်ကြသေးသည်။

" Jungwon-ah Jungwon-ah "

" ဟာ့ Hyung မနေ့ကတစ်နေကုန်ကျွန်တော့်ကို Canteen မှာ ထားသွားပြီး ဘယ်ပျောက်နေတာလဲ "

" ထားသွားတာမဟုတ်ပါဘူးကွာ Hyungကလည်းသူတို့နဲ့ ပြဿနာမဖြစ်ချင်လို့ပါကွ "

" Hyungက နည်းနည်းလေးမှကိုအားမကိုးရဘူး "

" ငါမင်းကိုလိုက်ရှာပါသေးတယ် မင်းကဘာ class သွားတက်မှန်း ငါမှမသိတာ အဲ့ဒါနဲ့လိုက်ရှာလို့မတွေ့တာ အခုကဘယ် class သွားတက်မလို့တုန်း "

" ဘာ class မှ မတက်သေးဘူး ခေါ်တော်မူထားလို့သွားဦးမလို့ "

" ဟမ် ဘယ်သူကခေါ်တာလဲ Class Teacher? "
Jungwonဘေးမှ တကောက်ကောက်လိုက်ပြီး စကားများနေသည့် Jake Hyung ။

Memories Shout Out BROWNWhere stories live. Discover now