Part 12 (Zawgyi)

147 7 2
                                    

ရာသီဥတုသည် အေးစိမ့်၍နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူခိုးများဖြင့်ဖုံးလွှမ်းလျက်။
Heeseung အိမ်အပြင်ဘက်ကိုထွက်လိုက်သည်နှင့် မြင်ဖူးနေကျမဟုတ်သောပတ်ဝန်းကျင်က စောင့်ကြိုနေသည်။

" အယ် ဒါဘယ်နေရာလဲ? "
အချိန်သည် မနက်အရုဏ်တက် ၄နာရီလောက်ဖြစ်မည်ထင်သည်။
မြူခိုးများပြည့်နေပြီး ထူးဆန်းလှသောအငွေ့အသက်ကြောင့် Heeseung အထဲပြန်ဝင်ဖို့ပြင်လိုက်သည်။

" mhehhhe....mhehhhe... "

" ဟင် "

ရုတ်တရက် နားထဲတွင် သိုးအော်သံလိုလို ဆိတ်အော်သံလိုလို ကြားလိုက်ရသောကြောင့် တစ်ချက်သံသယဝင်မိသည်။

" ရပ်ကွက်ထဲမှာ ဘယ်အိမ်ကများသိုးမွေးထားတာလဲ "
နားကြားမှားသည်ဟုပင် သတ်မှတ်လိုက်ကာ အိမ်ထဲပြန်ဝင်ရန်ပြင်လိုက်ပြန်ရာ...
ခုနကHeeseungထွက်လာခဲ့သည့် အိမ်ကြီးမှာလည်း အစရှာမရအောင် ပျောက်ကွယ်သွားသည်။

တစ်ခုခုတော့မှားနေပြီထင်တယ်။

ရုတ်တရက်နားထဲတွင် သိုးအော်သံများကပို၍ကျယ်လောင်လာပြီး နားကွဲမတတ်ခံစားလာရသည်။ ထို့ကြောင့် မခံနိုင်သည့်အဆုံး မြေကြီးပေါ်ထိုင်ချလိုက်ပြီး နားကိုလက်ဖြင့်အုပ်ထားမိသည်။ သို့သော်လည်း ထိုအသံများကပိုကျယ်လာကာ မြေကြီး၏ပြင်းထန်သော တုန်ခါမှုကိုပါ ခံစားလိုက်ရ၏။
အသံများလာရာဘက်ကို မျှော်ကြည့်မိတော့.....

" ဟာ ဘယ်လိုလုပ် မဖြစ်နိုင်ဘူး.... "

အကောင်တစ်ရာမကသည့်သိုးအုပ်ကြီးက Heeseung ဆီသို့ ဒုန်းဆိုင်းပြေးလာနေသည်။ မြင်းရိုင်းများဟုပင်ထင်ရ၏။

" အာားး သွား! မလာနဲ့! ကယ်ကြပါဦး "
ကူကယ်ရာမယ့်နေသောကြောင့် အကူအညီရလိုရငြား အော်ဟစ်မိတော့သည်။

သိုးအုပ်က တဖြည်းဖြည်း Heeseung ရှိသည့်အနားသို့ ပိုပိုနီးလာပြီး တစ်ခုခုကိုဆာလောင်နေသည့်ဟန်ဖြင့်။
Heeseung နှင့် ၁၀ ပေမျှ အကွာအဝေးသို့ရောက်သော် ရုတ်ချည်းဆိုသလိုရပ်သွားကြသည်။ ထို့နောက် မျက်လုံးဝိုင်းဝိုင်းတို့ဖြင့် Heeseung ကို လာကြည့်နေသော ထိုသိုးများ။
ပြီးတော့...သိုးတွေမှာ....ပါးချိုင့်နဲ့??

Memories Shout Out BROWNWhere stories live. Discover now