Part 9 (Unicode)

346 52 10
                                    

" Wow... ငါတို့အခန်းရောဟုတ်ရဲ့လား Yangachii မင်းကတကယ်ကိုတော်တာပဲ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်သင့်တယ် "

အရင်နှင့်မတူဘဲ ရှင်းလင်းသပ်ရပ်နေသည့် သူတို့၏နားနေခန်းကို ပြန်ကြည့်ပြီး Heeseung က အံ့သြ၍ Jungwon ကို ချီးကျူးစကားဆိုသည်။

ဟွန်း...ဒီလူ့ဂွစာဟာလေ ချီးကျူးတာတောင် ငါ့ကိုဖဲ့ဖြစ်အောင်ဖဲ့လိုက်သေးတယ်။

" ကျွန်တော် Yangachii မဟုတ်ဘူးလို့ အိမ်ရှင်မကောင်းဖြစ်ရအောင် မိန်းကလေးလည်းမဟုတ်ဘူး ပေါက်ပေါက်ရှာရှာ "

" အင်းပါ မင်းဒီနေ့တော့သွားလို့ရပြီ classရှိသေးတယ်မလား
အော် နေဦး ငါခိုင်းစရာရှိရင်မင်းကိုဆက်သွယ်ဖို့ မင်းဖုန်းနံပါတ်ပေးသွား "
Heeseungက ဖုန်းထဲမှာနံပါတ်မှတ်လိုက်ဆိုသည့်ပုံစံဖြင့် သူ့ဖုန်းကိုလှမ်းပေးသည်။
Jungwonလည်း ဖုန်းကိုယူပြီး နံပါတ်ရိုက်ထည့်၍ တစ်ခါတည်းမှတ်ပေးလိုက်သည်။

" ဒါပဲမလား ကျွန်တော်သွားတော့မယ် "

" ဟေ့ ကလေးဆိုး နောက်နေ့ကျရင် ငါ့ကိုမင်း Schedule လာပေးထား ကြားလား မင်းကငါ့အတွင်းရေးမှူးနော် "
အနောက်မှလှမ်းအော်ပြောနေသည့် Heeseung Sunbae ကို ခေါင်းတစ်ချက်လှည့်ညိမ့်ပြ၍သာ အဖြေပေးမိသည်။

ဟူး...အတန်းချိန်ကမီပါ့မလားတောင်မသိဘူး
ပထမဆုံး Art Class ကိုကွာ ဒီSunbae လုပ်လို့ နောက်ကျပါပြီ။

Artဆောင်ဘက်ကိုအမြန်ပြေးလာမိသော် အဆောင်အပြင်ဘက်တွင် လက်ပိုက်၍ ဟိုလျှောက်ဒီလျှောက် လုပ်နေသည့် Jake ကို တွေ့ရသည်။
" အိုး Jake Hyung! class မတက်ဘဲဘာလုပ်နေတာလဲ "

" ငါမင်းကိုစောင့်နေတာလေကွာ မင်းကအဲ့အခန်းထဲဝင်သွားလိုက်တာ အရိပ်အယောင်တောင်မတွေ့ရတော့ဘူး ငါကစိတ်ပူရတာပေါ့ကွ "

" Hyungကတော့ မလိုအပ်တာကိုပူနေပြန်ပြီ ကျွန်တော်အပြစ်ခံရုံလေးပါပဲ ဘာမှမဟုတ်တာကို "

" အဲ့တော့ပြောစမ်းပါဦး မင်းကို Heeseung Sunbae က ဘာအပြစ်ပေးလိုက်လဲ "

" ဟိုလေ Hyung ကျွန်တော်က ဒီနေ့ကစပြီး သူ့အတွင်းရေးမှူး လုပ်ရမယ်တဲ့ Attendence လိုက်ကောက်ရမှာလည်း မဟုတ်ဘူးတဲ့ သူ့နားမှာပဲနေရမယ်တဲ့ အဲ့လိုပြောတယ် "

Memories Shout Out BROWNWhere stories live. Discover now