Part 15 [Unicode]

583 42 24
                                    

ယနေ့ကျောင်းသို့လာရသည့်ခံစားချက်မှာ ယခင်နေ့များနှင့်မတူ ကွဲပြား၍နေသည်။ ကားပေါ်တွင်လည်း Heeseung Hyung၏ အမိန့်ကြောင့် မအီမသာလိုက်ပါလာရသည့် Niki အပါအဝင် လေးယောက်သားစုံညီနေ၏။ ကားပြတင်းမှန်မှ အပြင်သို့ကြည့်မိသော် အချိန်သည်ညနေစောင်း ၅နာရီလောက် ဖြစ်မည်ထင်ရသည်။

" ကျွန်တော်သာဆိုင်ကယ်နဲ့ဆိုရင် ဘယ်လောက်တောင် မိုက်နေလိုက်မလဲနော် Hyungတို့က ကားကြီးနဲ့ ဒိတ်အောက်လိုက်တာ "

အဟောက်ခံထားရသည်မှအမှတ်မရှိ အာထပ်ချောင်နေသော Nikiလည်း Heeseung Hyung မျက်စောင်းတစ်ချက်ကြောင့် ငြိမ်လိုက်ရပြန်၏။
တိတ်ဆိတ်မှုမှာတစ်ခဏသာခံပြီး ကျောင်းဝန်းထဲဝင်ဝင်ချင်း အသံမျိုးစုံက ရသအဖြာဖြာတို့ဖြင့် ဆီးကြိုလျက်။

ယနေ့တော့ Enaliens အားလုံးကို Uniform ဖြင့်မတွေ့ရဘဲ အရောင်သွေးစုံဒီဇိုင်းစုံတို့ဖြင့် တွဲဖက်တွေ့ရသည်။ Sunghoonကိုယ်တိုင်လည်း Uniform ကို ဝတ်ဆင်မထား။

ကားပေါ်မှဆင်းဆင်းချင်း နေ့တလူကြားနေကျဖြစ်သော အားပေးချီးမြှောက်သံတို့ကို ကြားရပြန်၏။ ကြာလာတော့လည်း ထိုအသံတို့ကို မုန်းသယောင်ယောင်ပင် ရှိလာလေပြီ။

" နားနေခန်းသွားနှင့်ကြ ကျွန်တော် Practice Room ခဏ သွားပြီးပြန်လာခဲ့မယ် "

" ဒီလိုနေ့မျိုးမှာတောင် လေ့ကျင့်မလို့လား အင်္ကျီတွေညစ်ပတ်ကုန်ဦးမယ် "

" မဟုတ်ဘူး ငါမနေ့က Airpod မေ့ကျန်ခဲ့လို့ သွားယူရုံလေးပဲ "

" သြော် ပြီးရော မြန်မြန်လာခဲ့နော် ပွဲစရင်ငါတို့ရှိနေဖို့လိုတယ် "

Jayနှင့်တကွ ကျန်နှစ်ယောက်ကိုပါ လက်ပြခဲ့ပြီး
Practice Room ဘက် အမြန်ထွက်လာခဲ့သည်။
ကျောင်းဝန်းအနှံ့ ဈေးဆိုင်အစုံအလင်နှင့်တကွ ကစားနည်းပေါင်းစုံ ဆော့ကစားနေကြသော ကျောင်းသားများကို တလုံးတခဲတည်း တွေ့ရ၏။

Practice Room သွားရာလမ်းတွင် Basket Ball Stadium ဘက်မှ ဘောလုံးပုတ်သံသဲ့သဲ့က နားထဲသို့ အသာအယာတိုးဝှေ့ရင်း...။
ခြေအစုံတို့သည်လည်း ထိုအသံလာရာသို့ အလိုလိုဦးတည်လျက်။
မျက်လုံးတို့၏မြင်ကွင်းဧရိယာသည်လည်း
Stadium အကြီးကြီးအထဲမှ ထိုကောင်ငယ်ပိစိလေးထံတွင်သာ ဘက်လိုက်လျက်။

Memories Shout Out BROWNWhere stories live. Discover now