Uni
............တိုက်ပွဲကြီးပြီးဆုံးတဲ့နောက်မှာတော့
Hogwarts နဲ့ပတ်သက်တဲ့အရာအားလုံးဟာအရင်ကနဲ့မတူပဲ ပြောင်းလဲသွားလေသည်။Harryတို့လဲနောက်ဆုံးနှစ်ကို
ရောက်နေကြပြီဖြစ်သလို Dracoဟာလည်း Harryရဲ့ သက်သေထွက်ဆိုပေးမှုကြောင့်ကျောင်းပြန်တက်ခွင့်ရလေသည်။Lucius Malfoyလဲ သူ့အပြစ်တွေကြောင့်
အက်စကာလမ်မှာထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ရပြီး
Narcissa Malfoyလဲ
နေအိမ်အကျယ်ချုပ်ကျခဲ့ရလေသည်။At Hogwarts School......
လွန်ခဲ့တဲ့ရက်တွေတုန်းက Harry
Dracoကိုမြင်ရင် ရင်ခုန်သံတွေမြန်လာတဲ့
ကိုယ့်နှလုံးသားကြောင့်
တဖြေးဖြေးနဲ့ Draco ကိုချစ်နေတယ်ဆိုတာသေချာလာသလို
Ginnyအပေါ်ကိုလဲ အားနာမိတာကြောင့်တိုက်ပွဲပြီးနောက်တစ်နေ့မှာပဲ ညီမလေးတစ်ယောက်လိုပဲ
ချစ်ခင်ကြောင်းပြောပြီး
တောင်းပန်ကာလမ်းခွဲခဲ့ကြတယ်။မိမိကသာ Dracoကိုကြိုက်နေတာပါ
Dracoကတော့မိမိကို ရန်သူတစ်ယောက်ထပ်မပိုတဲ့အပြင် မိမိကို Draco
ဘယ်လောက်မုန်းလဲသိနေတာမို့
Harryမှိုင်နေမိတယ်။
Ronတို့နှစ်ယောက်ပင် မိမိ Dracoကိုကြိုက်နေတာကိုမသိကြချေ။Ron- " Harryမင်းဘာဖြစ်နေတာလဲ?
တမှိုင်မှိုင်တတွေတွေနဲ့
ဘာလဲ တိုက်ပွဲမှာငါတို့လူတွေ
သေဆုံးရတာကို မင်းကြောင့်လို့တွေးနေတုန်းပဲလား ?
အဲ့တာကမင်းအမှားမှမဟုတ်ပဲ။"Hermione-"ဟုတ်တယ်! ဟန်နီပြောတာမှန်တယ်
Harry နင်၀မ်းနည်းမနေပါနဲ့ ၊
အဲ့တာနင့်အမှားမှမဟုတ်တာ နင်လဲတတ်နိုင်သလောက်တော့ကြိုးစားခဲ့တာပဲလေ"Ron- "ဒီမှာ Harry
ငါတို့လဲ ငါတို့လူတွေဆုံးရှုံးခဲ့ရတဲ့အတွက်၀မ်းမနည်းပဲနေပါ့မလား?
ဒါပေမယ့်ဒါတွေကဖြစ်ချိန်တန်လို့ဖြစ်လာတာပဲလေလုပ်ယူလို့မှမရတာ။
အဲ့ဒါကိုမင်းကြောင့်ဆိုပြီးခံစားမနေပါနဲ့။"Harry-"ဟင်း......"
Harryသက်ပြင်းသာချမိလေသည်။
အချိန်ခနကြာတော့မှ
Ronတို့ကိုပြန်လည်ပြုံးပြလိုက်ပြီးHarry-"ငါဘာမှမဖြစ်ပါဘူး......အဆင်ပြေပါတယ်။
မင်းတို့ငါ့ကိုစိတ်ပူမနေနဲ့တော့"
လို့ပြောလိုက်ပေမယ့်
အဲ့ဒါကြောင့် မှိုင်နေခြင်းမဟုတ်ဘူးဆိုတာကိုတော့ မိမိကိုယ်တိုင်သာသိလေသည်။
![](https://img.wattpad.com/cover/286592554-288-k612813.jpg)
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...