[Zawgyi]
"သမီးရေ...သားရေ Daddyပြန်ရောက်ပြီ"ညနေစောင်းရင် Draco ဟာအိမ်ပြန်ဖို့ဇောကပ်နေတတ်သလိုအိမ်ပြန်ရောက်တာနဲ့သူ့အသည်းအသက်လေးတွေကိုပြန်ရောက်ကြောင်းအကြောင်းပြန်ရတာလဲအလုပ်တစ်ခုလိုဖြစ်လာခဲ့ပြီ။
" Daddyပြန်လာပြီလား
သားသားတို့ ပါပါးကိုကူပေးနေတာနဲ့မကြားလိုက်ဘူးရယ်""ဟုတ်လားလိမ္မာလိုက်တာ Daddyကလေးတွေက
လာပါဦးလိမ္မာတဲ့ကလေးတွေကိုနမ်းချင်လို့
'ရွှတ်' 'ရွှတ်'မွေးလိုက်တာကွာအားကိုရှိသွားတာပဲ""ခ်ခ်"
Dracoသားနဲ့သမီးရဲ့ပါးကိုနမ်းလိုက်ပြီးအပေါ်တက်ခဲ့လိုက်တယ်။
အခန်းထဲရောက်မှတစ်နေကုန်ပင်ပန်းလာသမျှ
ရေမိုးချိုးကာဖြေလျော့လိုက်ပြီးအောက်ထပ်ကိုဆင်းလာတယ်။မီးဖိုထဲရောက်တော့
တွေ့ပါပြီသူ့ရဲ့နှလုံးသားရပ်ဝန်းလေးညစာအတွက်ချက်ပြုတ်နေလေသည်။သူလဲ ငယ့်ကိုယ်လေးကိုအနောက်ကနေသိုင်းဖက်လိုက်ပြီးငယ့်ရဲ့ကိုယ်သင်းနံ့လေးကိုရှုနေမိသည်။
သူလွမ်းနေခဲ့တာ။ငယ်နဲ့ဒီလိုနီးနီးကပ်ကပ်မနေရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။"Draco..."
"အွန်း...ပြောလေငယ်"
"ဘာလုပ်တာလဲ ကလေးတွေရှိတယ်လေ"
"ခနလေးပါငယ်...ကိုယ်ငယ့်ကိုယ်သေးသေးလေးကိုသေလောက်အောင်လွမ်းနေခဲ့တာ
ခနလောက်တော့ကိုယ်ဖက်ထားချင်လို့ပါ"Harryဘာမှပြန်မပြောမိ
Dracoရဲ့ဒီလိုအပြုအမူကသူ့စိတ်ကိုတစ်မျိုးကြီးခံစားရစေတယ်။
ငြင်းဆိုဖို့မေ့နေလောက်အောင်ထိပဲ။ဒီကိုပြန်ရောက်ပြီးထဲကသူ Dracoနဲ့တစ်ခန်းထဲအိပ်ရတာကလွဲရင်ညအိပ်ချိန်မှာတောင်မျက်နှာချင်းဆိုင်အိပ်တာမဟုတ်ပေ...ဖက်ဖို့ဆိုဝေးစွ..."ငယ်သိလား ငယ့်ဆီကရနေကျ marshmallowနံ့လေးကအခုထိမပြောင်းလဲဘူးကိုယ့်ကိုဆွဲဆောင်ထားနိုင်တုန်းပဲ"
'မင်းလဲအခုထိမပြောင်းလဲသေးပါဘူး'ဆိုတာကိုတော့စိတ်ထဲကနေပဲပြောလိုက်တယ်။
"ကျေးဇူးပါငယ်ကိုယ့်ကိုခနတာဖက်ခွင့်ပေးလို့"
"အော်...အင်း...ရပါတယ်
မင်းထမင်းစားမှာမလား Dracoသွားစောင့်နေလေငါပြင်ပေးမယ်"
KAMU SEDANG MEMBACA
Finally, You don't love me again (Weakness of man)
Fiksi PenggemarDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...