[Zawgyi]
Ronတို့နှစ်ယောက်ကလေးတွေနဲ့အတူအိမ်စောင့်ပေးနေတုန်းအိမ်ထဲသို့ဝင်လာသော Harry
ပုံစံကလဲဝမ်းနည်းနေဟန်တစ်ခုခုဖြစ်လာပုံပဲ။သူတို့နှစ်ယောက်လဲအကျိုးကြောင်းမေးရန်ပြင်လိုက်ပြီး
"ဘာဖြစ်လာတာလဲHarry"
Harryဟာသူတို့ကိုမပြောပဲငိုပဲငိုနေလေသည်။
"မငိုပါနဲ့ ဘာဖြစ်လို့လဲ ငါတို့ကိုပြောလေငါတို့ကူညီမယ်"
"ဟင့်...ငါဘယ်လိုလုပ်ရမလဲ Ron
ငါကကံကောင်းဖို့မထိုက်တန်တဲ့လူလားဟင်
ငါကကံဆိုးမှုတွေကိုသယ်ဆောင်လာတဲ့လူလား
ဘာလို့ ငါ့မှာအဖြစ်ဆိုးတွေနဲ့ပဲကြုံနေရတာလဲ""မဟုတ်ပါဘူးHarryရယ်နင်ကတခြားလူတွေအတွက်ကံဆိုးစေရင်တောင်အစ်ကို Cyllimနဲ့ငါတို့မိသားစုအတွက်အမြဲလာဘ်ကောင်လေးဖြစ်နေဦးမှာပါ"
"မှားတယ် ဟင့်...မင်းတို့ပြောတာမှားတယ်
အကိုအတွက်ငါကလာဘ်ကောင်လေးမဖြစ်နိုင်တော့ဘူး ဟင့်...ဟင့် အကိုကငါတို့အားလုံးကိုထားသွားပြီကွ"Harryဘာတွေပြောနေတာလဲတစ်ခုခုအထင်လွဲနေတာဖြစ်မှာပါအစ်ကို Harryကိုဘယ်လောက်ချစ်လဲဆိုတာသူတို့အသိဆုံးပဲကို
"ဘယ်လိုမဖြစ်နိုင်ပါဘူးအစ်ကိုကမင်းကိုဒီလောက်ချစ်တာဘာလို့ထားသွားရမှာလဲ"
"ငါအခုပဲဆေးရုံမှာအစ်ကို့အလောင်းကိုငါကိုယ်တိုင်ကြည့်လာတာ...အစ်ကိုကလေ...ငါအရမ်းမုန်းတဲ့လူကိုကယ်ခဲ့တာတဲ့......ငါသူ့ကိုချစ်တယ်လို့ပြောတာလေးတောင်မကြားလိုက်ရရှာဘူး...ငါ့ကိုတောင်မနှုတ်ဆက်ပဲထားသွားခဲ့တာ
အစ်ကိုမရှိတော့တဲ့အကြောင်းကိုငါကလေးတွေကိုဘယ်လိုရှင်းပြရမှာလဲကွာ"ထို့နောက် Harryပြောပြတဲ့အကြောင်းတွေကြားပြီးသူတို့ကိုယ်တိုင်လဲထပ်တူဝမ်းနည်းရပါသည်။
ဘယ်တတ်နိုင်ပါ့မလဲကံတရားအလိုကျပေါ့တစ်ချိန်ကျရင်တော့ပျော်ရွှင်မှုတွေရောက်နိုင်ကောင်းပါရဲ့။"အခုတော့မင်းအနားယူလိုက်တော့နော်Harryမင်းအရမ်းပင်ပန်းနေပြီမင်းပါပျိုလဲလို့မဖြစ်ဘူးလေကလေးတွေလဲရှိသေးတာပဲလေနော်
ငါတို့ဒီညစောင့်ပေးပါ့မယ်ပြီးရင်အစ်ကို့ကိစ္စကိုငါတို့လဲဝိုင်းကူညီပါ့မယ်"
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...