[Zawgyi]
မနက်မိုးလင်းစနေရောင်ခြည်ရဲ့နွေးထွေးတဲ့အထိအတွေ့ကြောင့် Harryနိုးထလာသည်။မိမိလက်ကိုတစ်စုံတစ်ဦးကဆုပ်ကိုင်ထားသလိုခံစားရတာကြောင့်စောင်းငဲ့ကြည့်မိတော့
Dracoဟာမိမိလက်ကိုကိုင်ထားလျက်ကုတင်ဘေးမှာအိပ်ပျော်နေလေသည်။ခုံပေါ်ကိုမျက်စိရောက်မိတော့ခုံပေါ်တင်ထားတဲ့ပျားရည်ခွက်လေးကအေးစက်စွာနေရာယူထားသည်။
*ညကစာဖတ်ရင်းအိပ်ပျော်သွားတာပဲ
ဒီပျားရည်ခွက်က Dracoယူလာတာဖြစ်ရမယ်
အ့တာဆိုသူညကတစ်ညလုံးဒီတိုင်းအိပ်နေတာလား?
ကျစ်!ကိုယ်လက်တွေညောင်းနေတော့မှာပဲမအေးဘူးလားမသိဘူး
ပြီးရင်မနေနိုင်တဲ့လူကပဲလုပ်ပေးရဦးမယ်
တော်သေးတာပေါ့ညကဆေးကိုနေရာတကျပြန်ထားမိလို့မဟုတ်ရင်သိကုန်တော့မှာ*Harryစောင်လေးအသာခြုံပေးပြီးသူကိုယ်တိုင်လဲ Dracoမနိုးစေရန်အသာလေးရုန်းထလိုက်သည်။
ရေမိုးချိုးပြီးထွက်လာသည့်တိုင်အောင် Dracoဟာမနိုးသေးနာရီကြည့်တော့၈နာရီစွန်းစွန်းရှိနေပြီ
ဒီလိုဆိုမဖြစ်ပေဘူးအလုပ်နောက်ကျတော့မယ်ပြီးရင်ဒီနေ့ဆေးခန်းပြဖို့ချိန်းထားတယ်သူရုံးမသွားရင်ပြဖို့အဆင်ပြေမည်မဟုတ်"Draco Dracoထတော့မင်းအလုပ်သွားရဦးမယ်လေဒီတိုင်းအိပ်နေတာမညောင်းဘူးလား
ထထ မဟုတ်ရင်လည်းကိုယ့်အခန်းကိုယ်ပြန်အိပ်""ဟင်...ငယ်နိုးနေပြီလားကိုယ်ညကငယ့်ကိုပျားရည်လာပို့ရင်းအိပ်ပျော်သွားတာ
ညကငယ်မသောက်ရသေးပဲအိပ်ပျော်သွားတာ
ငယ်ခေါင်းကိုက်တာပျောက်သွားပြီလား""ငါကနိုးတာကြာလှပြီခေါင်းမကိုက်တော့ပါဘူး
မင်းသာနောက်ကျတော့မှာမြန်မြန်လုပ်စရာရှိတာလုပ်တော့"ပြောပြီးသည့်တိုင်အောင်မထသေးပဲတွေနေတာကြောင့်
"Dracoဘာလုပ်နေတာလဲ
မထတော့ဘူးလားအဲ့က""မဟုတ်ပါဘူး ဟို...ငယ့်ကိုကိုယ်ပြောစရာရှိတယ်"
"ဘာပြောမလို့လဲ"
"ကိုယ်နောက်နေ့တွေငယ်နဲ့အတူအိပ်လို့ရလားဟင်"
"ဟင်အဲ့...အဲ့ဒါက..."
ESTÁS LEYENDO
Finally, You don't love me again (Weakness of man)
FanficDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...