[Zawgyi]
စံအိမ်ထဲကလေထုအခြေနေကတော့အပ်ကျသံပင်ကြားနိုင်ရလောက်အောင်တိတ်ဆိတ်နေပေသည်။
Harryတို့၃ယောက်လုံးကဘာမှမပြောပဲတိတ်ဆိတ်နေပြီးကလေးနှစ်ယောက်ကလဲသူတို့ပါပါးကိုမပြောရဲတာကြောင့်ဘေးကနေမျက်နှာငယ်လေးတွေနဲ့ကြည့်နေရှာသည်။
မနေနိုင်တဲ့အဆုံး Hermioneကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။"နင်ဒီလိုလုပ်မှဖြစ်မှာလား Harry"
"ဘာကိုလဲ"
"ဘာကိုလဲဟုတ်လားနင်ကလေးတွေကို Dracoနဲ့ခွဲထားတဲ့ကိစ္စကိုပြောတာလေ"
"အဲ့တော့......နင်တို့ကမကျေနပ်ဘူးလား"
ဘယ်လို မကျေနပ်ဘူးလားလို့မေးလိုက်တာသူမတို့သူငယ်ချင်း Harryမှဟုတ်ပါရဲ့လား။
အရင်ကသူများအပေါ်အရမ်းကြင်နာတတ်တဲ့ Harryလူအများကြီးကိုအသက်စွန့်ပြီးကယ်ခဲ့တဲ့ Harryဘယ်များရောက်သွားပါသလဲ။"နင်ဘာတွေလျှောက်လုပ်နေတာလဲ Harry
ကိုယ်ချင်းမစာတာမဟုတ်ပေမယ့်အစ်ကိုဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးနင်ဒီလောက်ထိလုပ်ဖို့လိုလို့လား။
အခုဆိုကလေးတွေကသူတို့ချစ်တဲ့ Daddyကိုဆုံးရှုံးခဲ့ရတာလေသူတို့လေးတွေရဲ့နောက် Daddyတစ်ယောက်ကိုအဆုံးရှုံးခံရဦးမှာလား
အစ်ကိုကနင့်ကိုချစ်လွန်းလို့စွန့်လွှတ်ပေးခဲ့တာဒီလိုတွေဖြစ်လာဖို့မှမဟုတ်တာနင်သေချာပြန်စဉ်းစားပါ Harryငါဒါပဲပြောချင်တယ်"Hermioneသူ့ကိုဘာလို့တားဆီးချင်နေရတာလဲသူဒါကိုအားလုံးကောင်းဖို့အတွက်လုပ်နေတာလေဘာလို့လက်မခံကြတာလဲ။
ဒါမှမဟုတ်သူ့လုပ်ရက်တွေတကယ်မှားနေပြီလားဒါပေမယ့်သူခံစားရတာသူပဲသိတယ်။သူ Dracoကိုမြင်တိုင်းအဖြစ်ပျက်တွေကသူ့မျက်စိထဲမှာအနှေးပြကွက်နဲ့ပြနေသလိုပဲအသစ်တစ်ဖန်ပြန်ခံစားရတယ်
သူ့ကိုမြင်တိုင်းအစ်ကို့မျက်နှာလေးကိုမြင်ယောင်လာတယ်။သူတကယ်ပင်ပန်းလွန်းလှပြီဒီဟာတွေနဲ့ဝေးရာကိုထွက်သွားလိုက်ချင်ပြီ။တစ်ဖက်မှာလဲအစ်ကိုတစ်ဖက်မှာလဲ Dracoနဲ့ကလေးနှစ်ယောက်သူဘာကိုရွေးချယ်သင့်လဲ။
အစ်ကိုသာဆိုရင်တော့"ကိုယ်အဆင်ပြေပါတယ်ကလေးတွေကို Dracoနဲ့ပေးတွေ့လိုက်ပါ"လို့ပြောမှာသေချာတယ်၊hkအစ်ကိုကအမြဲတမ်းတစ်ဖက်လူအပေါ်ငှဲ့ညှာပြီးစွန့်လွှတ်အနစ်နာခံတတ်သူကြီးလေ။ဟား......သူ့ကိုတကယ်ထားခဲ့ရက်တာ။
သူချစ်မိသွားပြီဆိုမှလေ။
ESTÁS LEYENDO
Finally, You don't love me again (Weakness of man)
FanficDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...