Harryနဲ့ Dracoသူတို့နှစ်ယောက်နေရမယ့်အခန်းထဲရောက်နေတာဖြစ်ပြီး
သူတို့ နှစ်ယောက်ကြားကလေထုကလဲ
တိတ်ဆိတ်နေလေသည်။နောက်ဆုံး Dracoသူ့ဘက်ကပဲ
တိတ်ဆိတ်မှုကိုဖြိုခွင်းရန် စကားစလိုက်တယ်။Draco-"ငါမင်းကိုတစ်ခါထဲရှင်းအောင်ပြောထားမယ်Harry
မင်းကိုငါ့ရဲ့အိမ်ထောင်ဖက်ဆိုပြီး
အရေးတယူဆက်ဆံနေမှာမဟုတ်သလို
မင်းလို ငါ့အတွက်မျိုးဆက်မမွေးပေးနိုင်တဲ့
ယောက်ျားလေးတစ်ယောက်ကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။
အဲ့ဒါကြောင့်မင်းကို ငါ့ယောက်ျားဆိုပြီးဂရုစိုက်နေမယ်လို့ထင်နေရင် အဲ့ဒီအတွေးတွေကိုစောစောစီးစီးရိုက်ချိုးထားလိုက်တာ
ကောင်းမယ်။
ဘာလို့လဲဆိုတော့ငါဆိုတဲ့
Draco Malfoyက
မင်းကိုစောက်ရမ်းမုန်းလို့ပဲ!"Harry-"ငါသိပါတယ် Draco
ဒါပေမယ့် Draco မင်းငါ့ကိုဘယ်လောက်ပဲမုန်းမုန်းဘယ်လောက်ပဲရက်စက်ရက်စက်
ငါ့ဘက်ကမင်းကိုဆက်ချစ်နေပါ့မယ်ဆိုတာကိုတော့သိထားပေး။"Draco-"အဲ့ဒါကတော့မင်းသဘောပဲ
မင်းဘာသာဆက်ပဲချစ်ချစ် ဆက်ပဲမုန်းမုန်း
ငါဂရုမစိုက်ဘူး"Harryနေရာချစရာရှိတာချပြီးရေချိုးခန်းထဲသာ၀င်လာလိုက်တော့တယ်။
ရေချိုးခန်းရောက်မှသာ ရင်ဘတ်ထဲကနာကျင်နေရသမျှကို မျက်ရည်တွေအဖြစ်မျှောချလိုက်လေသည်။အစကတော့
သူကိုယ့်ကိုမုန်းတာ ကိုယ်သိပြီးသားမို့
ခံနိုင်လိမ့်မယ်လို့ထင်မိပေမယ့်
အခုလိုသူ့ပါးစပ်ကနေ ကိုယ်တိုင်ပြောလာတော့ရင်ဘတ်ထဲမှာတင်းကြပ်သွားပြီးဘယ်လိုမှမခံစားနိုင်ပေ။Harry Pov: "Dracoရယ်မင်းငါ့ကိုအဲ့လောက်တောင်မုန်းတာလား?ပြီးတော့
ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ဖြစ်သွားလားDraco?
အင်းပေါ့လေငါကမင်းအတွက်ကလေးမှမမွေးပေးနိုင်ပဲ။
အခုချိန်ငါ့မှာရွေးချယ်စရာများရှိမယ်ဆိုရင်မင်းအတွက်မျိုးဆက်မွေးပေးနိုင်မဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖို့ရွေးချယ်မိမှာပဲ"Draco ရေချိုးခန်းထဲက ငိုရှိုက်သံသဲ့သဲ့
ကြားပေမယ့် ကိုယ်နဲ့မဆိုင်သလို လျစ်လျူရှုပြီးသူငယ်ချင်းPencyတို့ရှိရာစလေးသရင်းဆောင်ဘက်ထွက်လာလိုက်သည်။

YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...