[Zawgyi]
Sirenaအခု Draco Malfoyအနားကပ်နေရခြင်းမှာ
Dracoပိုက်ဆံတွေကြောင့်သာဖြစ်သည်။ပြီးတော့ Draco Malfoy ဆိုတဲ့ငတုံးကောင်
သူ့အပေါ်ဒီလောက်ကောင်းတဲ့ Harry Potter ကိုမျက်မုန်းကျိုးနေပြီး သူ့တို့အိမ်ထောင်ရေးကအဆင်မပြေဘူးဆိုတာလဲသိတယ်။အဲ့တာကြောင့်ဒီအခြေအနေကို အခွင့်ကောင်းယူပြီး Draco ကိုမြှုဆွယ်ရမယ်။
ပြီးရင်တော့ Harry Potter နဲ့ကွာရှင်းခိုင်းပြီး
သူကတော့ Malfoyစံအိမ်ရဲ့ သခင်မအနေနဲ့အမွေတွေဆက်ခံရမယ်။(အကြံပက်စက်လိုက်တဲ့အစစ်မပေတကား😧😧)
Draco ကတော့ Sirena ရဲ့အကြံတွေကိုမသိပဲ
မိတ်ဆွေကိုရန်သူထင်ပြီး ရန်သူကိုမိတ်ဆွေထင်နေတုန်းပင်။Pencyကတော့မိန်းမအချင်းချင်းခြေမြင်တယ်လို့ဆိုရမလားပဲ။
Sirenaကကောင်းသောလာခြင်းနဲ့ လာတာမဟုတ်ဘူးဆိုတာအတပ်သိလေသည်။
ခက်တာက Draco ပင်ဒီကောင်ကို ပြောလိုက်ရင်သူ့ရဲ့ချေပစကားတွေကြောင့် မိမိတို့ပါပြောစရာစကားပျောက်ရှသွားရစမြဲပင်။သူ့ကြောင့် Harryမှာလည်းနေ့စဉ်နှင့်အမျှမျက်ရည်နဲ့မျက်ခွက်ပင်။
အခုလည်း Sirena က Draco ကိုသူအသဲကွဲနေတာကြောင့်အတူသောက်ပေးရန်ခေါ်သွားပြန်တယ်။
Dracoကလည်းမငြင်းရှာပေ။
Pencyကသူငယ်ချင်းအရင်းကြီးတွေမို့ဘာမှမဖြစ်ပေမယ့်မိန်းကလေးတစ်ယောက်တည်း ယောက်ျားလေးတွေအဖွဲ့ထဲကိုလာဝင်ရောရဲတဲ့
Sirenaကိုတော့အများအမြင်မှာတစ်မျိုးထင်ချင်စရာပင်။
အခုတလော Dracoနဲ့ Sirenaကတပူးပူးတတွဲတွဲဖြစ်နေတာကြောင့်အားလုံးက"Draco Malfoyဖောက်ပြန်နေတာလား?"
"အိမ်ထောင်ရှိတဲ့လူကိုလာပြီးစနိုက်ကျော်တဲ့အစစ်မကလည်းစောက်ရှက်မရှိဘူးထင်ပ။"
"ငါ့တို့ စီနီယာ Harryတော့သနားပါတယ်ဟယ်"
စသဖြင့်ဝေဖန်နေကြပေမယ့်"ငါတို့ကရိုးရိုးသားသားခင်တာ။သူတို့ဘာသာထင်ချင်တာထင်ပါစေငါကဘာလို့ဂရုစိုက်ရမှာလဲ"ဟုပြန်ပြောတတ်လေသည်။
ဒီအတောအတွင်း Cyllim နဲ့Harryတို့လည်းတော်တော်လေးရင်းနှီးလာကြပြီဖြစ်သလို Cyllimနဲ့ Dracoကတော့တစောင်းနဲ့မျက်ချေးပင်။
ŞİMDİ OKUDUĞUN
Finally, You don't love me again (Weakness of man)
Hayran KurguDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...