Part( 7 )

1K 128 19
                                    

[Unicode]

"ဘာလို့သူ့ကိုတောင်းပန်လိုက်တာလဲ Harry
သူ့ဘက်ကကောင်းပန်ရမှာလေ"

"ကျနော့်ကြောင့်နဲ့ဘယ်သူ့ကိုမှ
မထိခိုက်စေချင်ဘူးအစ်ကို Cyllim"

"ဒါပေမယ့်သူ့ဘက်ကအိမ်ထောင်ရှိရက်နဲ့ဖောက်ပြန်နေတာလေအဲ့လိုငြိမ်ခံနေတာတော့မဟုတ်သေးဘူး"

"ကျနော်ကရောသူအဲ့လိုဖောက်ပြန်နေတာကိုမခံစားရဘဲနေပါ့မလား?
ဟောဒီနှလုံးသားကနာကျင်လွန်းလို့ရင်တွေကွဲမတတ်ပဲခံစားရတယ်! ...
ရက်ရက်စက်စက်မုန်းပစ်ချင်ပေမယ့် သူမှသူဖြစ်နေပြီးမုန်းလို့မရဖြစ်နေတော့လည်း ရူးမိုက်စွာနဲ့ပဲဆက်ချစ်နေရဦးမှာပဲ"

'ကလေးရယ်မင်းသူ့ကို အဲ့လောက်တောင်ချစ်ရလား?
ကလေးကိုမချစ်တဲ့ အဲ့လူကိုပဲကြည့်မနေပဲကလေးအနားမှာ အချစ်ကိုစောင့်မျှော်နေတဲ့
ကိုယ့်ဘက်ကို နည်းနည်းလောက်ငဲ့
ကြည့်ပေးလို့မရဘူးလားကွာ'

"ဟင်း...Harryဘက်ကအဲ့လိုဆိုမှတော့ကိုယ့်ဘက်ကဘာများ၀င်ပြောခွင့်ရှိမှာလဲ
Harryဘက်မှာကိုယ်အမြဲတမ်းရှိနေတယ်ဆိုတာတော့မှတ်ထားပေး"

"ကျေးဇူးပါ အစ်ကို Cyllim"

"ရပါတယ် အချင်းချင်းပဲဟာကို"

'မင်းလေးပျော်နေတာကိုပဲကိုယ်ကမြင်ချင်ခဲ့တာပါ
ဟက်...ကံကြမ္မာကြီးကရက်စက်တယ်နော်
မင်းကိုမပိုင်ဆိုင်ရဘူးဆိုရင်တောင်ပေးဆပ်ခြင်းနဲ့ပဲချစ်နေပါ့မယ်ကလေးငယ်'

"Ronတို့စောင့်နေလောက်ပြီသွားရအောင်လေအစ်ကို"

"အွန်းသွားကြမယ်လေ"

အတန်းထဲရောက်တော့ Ronတို့ကသူတို့နှစ်ယောက်အလာကိုစောင့်နေလေသည်။

"ပေါ်လာကြသေးတယ်နော်ငါကသေများသွားပြီလားလို့
မျှော်လိုက်ရတာလည်ပင်းတောင်ရှည်တယ်။"

"အာ...အဲ့တာက ငါ... ငါtoilet၀င်နေလို့ပါ"

"အော်မင်းက toilet၀င်နေတာဆိုအစ်ကို Cyllimကရောဘာလို့နောက်ကျတာလဲ"

"Harryကိုစောင့်ပေးနေလို့ပါ"

Cyllimရဲ့ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်
Harryပါးလေးတွေနီကာရှက်သွားလေသည်။
Ronကလဲပြုံးစိစိနဲ့ဆိုလာလေသည်

Finally, You don't love me again (Weakness of man)Where stories live. Discover now