[Zawgyi]
"ဘယ်ကပြန်လာတာလဲငယ်""ကျစ်!မင်းကိုဘယ်နှခါပြောရမှာလဲ
အစ်ကိုတို့နဲ့သွားတွေ့တာလို့မင်းကိုပြောတယ်လေ""သေချာလား Ronတို့ပါတယ်ဆိုတာ"
"သေချာတယ်
နေပါဦး Ronတို့ပါတာမပါတာမင်းနဲ့ဘာဆိုင်လဲ""ဆိုင်တယ်ငယ်
ငယ်ကကိုယ်ယူထားတဲ့ကိုယ့်ယောက်ျား
ကိုယ့်ယောက်ျားတစ်ယောက်လုံးသူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ဆိုင်မှာနေ့တိုင်းတွေ့ပြီးပြုံးပျော်နေတာကိုဒီတိုင်းကြည့်နေနိုင်လောက်တဲ့အထိကိုယ့်အသည်းမမာဘူးငယ်""hkအဲ့တော့အဓိကပြဿနာကဘာလဲ
ငါအစ်ကိုနဲ့သွားတွေ့တာလားမင်းထင်နေတာငါနဲ့အစ်ကိုနဲ့ကဖောက်ပြန်နေတယ်လို့လား!
ငါ့ကိုတိတ်တဆိတ်လိုက်ပြီးစောင့်ကြည့်ရလောက်အောင်ဘယ်တုန်းကအဲ့လောက်စိတ်ဝင်စားသွားတာလဲမဟုတ်မှမင်းမိန်းမရဲ့စကားကြောင့်ဖြစ်မယ်""မဟုတ်ဘူးငယ်မင်းထင်သလိုဖောက်ပြန်တယ်လို့ကိုယ်မဆိုလိုဘူး
ငယ်မဟုတ်ဘူးဆိုရင်လဲအဲ့ပုံထဲမှာမှားနေတဲ့အကြောင်းကိုရှင်းပြပါငယ့်စကားဆိုအကုန်ယုံပေးမှာမို့လို့အဖြေလေးပဲကြားချင်တာပါ""ရိုက်ထားတဲ့ပုံတွေကကောင်းသားပဲ
ဒီလိုပုံလှလှရိုက်ပေးတဲ့မင်းမိန်းမကိုကျေးဇူးတင်ရမလားပဲ။ငါမငြင်းပါဘူးဒီပုံကငါတို့ပုံပဲ
အစ်ကိုကငါ့အပေါ်ကောင်းတယ်ငါကလဲအစ်ကိုရဲ့စိတ်ထားကောင်းတာကိုသဘောကျတယ်ငါတို့ဆိုင်တစ်ဆိုင်မှာနေ့တိုင်းတွေ့ကြတာလဲမှန်တယ်
ဘာကြောင့်လို့ထင်လဲ?""ငယ်~"
ကျေးဇူးပြုပြီးကိုယ်ထင်နေသလိုမဖြစ်လိုက်ပါနဲ့
ကိုယ်ရူးသွားလိမ့်မယ်ငယ်
ကျေးဇူးပြုပြီးဒီတစ်ခုလေးတော့ဖြည့်ဆည်းပေးပါ"ဘယ်လိုလဲDracoအရမ်းတွေမှတုန်လှုပ်သွားရဲ့လား
မဟုတ်ရင်အရမ်းစိတ်ထိခိုက်သွားရရဲ့လား
မင်းသိလားမင်းအပေါ်မှာရှိတဲ့ငါ့အချစ်တွေကုန်သထက်ကုန်ကုန်လာနေပြီပထမဆုံးမင်းမိန်းမနဲ့ကလေးကြောင့်ငါစိတ်ထိခိုက်ရပြီးပြီ
ဒုတိယအနေနဲ့မင်းငါ့ကိုအခုလိုစွပ်စွဲနေတာတော်တော်မှစိတ်ချမ်းသာသွားရဲ့လား
မင်းမသိတဲ့အမှန်တရားတစ်ခုပြောလိုက်မယ်ငါမင်းကိုမဖောက်ပြန်သလိုအစ်ကိုနဲ့တွေ့တာကလဲအလုပ်ကိစ္စရှိလို့တွေ့တာမကျေနပ်ရင်အဲ့ကလူအကုန်မေးလို့ရတယ်
မင်းအခွင့်ရေးနှစ်ခုကုန်ဆုံးသွားပြီ Dracoတစ်ခါပဲရှိတော့တယ်အဲ့အခွင့်ရေးလေးကုန်သွားရင်တော့မင်းလုပ်ရက်တွေအတွက်လုံးဝနောင်တရစရာကိစ္စတစ်ခုဖြစ်သွားနိုင်တယ်ဆိုတာမင်းမှတ်ထားပါ"
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...