[Zawgyi]
Harryမူးနေတဲ့ Dracoကိုတွဲပြီးအပေါ်တက်ဖို့လုပ်ရတယ်။
'ဟူး~...ဘာကိစ္စတွေရှိလို့ဒီလောက်တောင်သောက်လာရတာလဲ Dracoရယ်'"Harry ကိုယ့်ရဲ့ Harryလေး
ကိုယ်မင်းကိုအရမ်းချစ်တာ"Harryကိုဖက်ထားပြီးပြောနေတဲ့ Draco
"အွန်းပါ Dracoရယ်ခုတော့ခနလွှတ်ဦးနော်
မင်းအတွက်စွပ်ပြုတ်သွားလုပ်လိုက်ဦးမယ်""မလွှတ်ချင်ဘူး"
"ခနလေးပဲကိုလွှတ်ပါ Dracoရယ်
ငါပြုတ်ပြီးတာနဲ့ချက်ချင်းပြန်တက်ခဲ့မယ်လေနော်"Harryချော့ပြောတာတောင်မရဘဲလွတ်ထွက်သွားမှာစိုးတဲ့အလားဖက်ထားပါလေသော Draco
Harryလဲ Dracoနဖူးပေါ်ဝဲကျနေတဲ့ဆံပင်တချိုကိုသပ်တင်ပေးလိုက်ပြီး
"ကဲအဲ့ဒါဆိုလဲမသွားတော့ဘူးနော်
စိတ်ချလက်ချအိပ်"အဲ့တော့မှငြိမ်ငြိမ်လေးအိပ်သွားသော Draco
'မင်းဘာတွေဖြစ်လာတာလဲ Draco
ဘာပဲဖြစ်ဖြစ်ပါ
မဖြစ်နိုင်မှန်းသိပေမဲ့မင်းဘေးနားမှာခနလောက်ဖြစ်ဖြစ်နေချင်မိတာငါ့ရဲ့ဆန္ဒပါ
ငါ့စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ် Dracoရယ်
မကောင်းတာတွေမဖြစ်လောက်ပါဘူးနော်
ငါကြောက်တယ် Draco
မင်းထားသွားမှာကိုပေါ့'ထို့နောက် Harryလဲအတွေးတွေကိုခေတ္တရပ်တန့်ထားပြီးအိပ်စက်ခြင်းဆီသို့
----------🌙⭐🌙-------------
Dracoနိုးလာ၍ဘေးနားကနေရာလေးကိုလက်ဖြင့်စမ်းကြည့်တော့အေးစက်စက်အိပ်ယာခင်းသာစမ်းမိပြီး Harryမရှိပေ။
သူအသည်းအသန်ကုန်းရုန်းထပြီးအောက်ထပ်ဆင်းလာတော့မီးဖိုချောင်မှာချက်ပြုတ်နေတဲ့ဖြူလွှလွှပုံရိပ်လေး။
"Harry‼"
'အင့်'
သူလဲ Harryကိုပြေးဖက်လိုက်ရာ Harryကိုယ်လုံးလေးကသူ့ရင်ခွင်ထဲအံဝင်ခွင်ကျဝင်သွားပြီး
'အင့်'ဆိုတဲ့အသံလေးပင်ထွက်သွားလေသည်။"ဖြေးဖြေးဖက်ပါ Dracoရယ်ထွက်မပြေးပါဘူး"
"ကိုယ်နိုးလာတော့ Harryမှမရှိတာ"
YOU ARE READING
Finally, You don't love me again (Weakness of man)
FanfictionDrarry fanfiction Uni+Zawgyi ...................... Harry-"ငါယောက်ျားလေးတစ်ယောက်အဖြစ်မွေးဖွားလာတာမင်းအပေါ်အပြစ်ရှိသွားလား Draco " Draco-"ကိုယ့်ရဲ့အမှားတွေအတွက်ကိုယ်ပြန်တောင်းပန်မှာမို့ကျေးဇူးပြုပြီးကိုယ့်ဆီပြန်လာခဲ့ပေးပါHarry" Harry-"တောင်းပန်တယ်ဟု...