Chapter 26

215 26 0
                                    

Zawgyi Font

26.

'သူမ င့ါပိုက်ဆံတွေကို မကြိုက်ဘူး ထင်တယ်.'

Pei Yingသည် လွန်ခဲ့သော နှစ်ရက်တာအတွင်း အိမ်မှာ အနားယူကာ သူမရဲ့ ဒဏ်ရာရနေသော ခြေချင်းဝတ်ကို ဂရုစိုက်ရင်း အချိန်ကို ကုန်ဆုံးခဲ့သည်။ Song Nanchuanသည် အလုပ်မှ အိမ်ပြန်ရောက်လာသောအချိန်တွင် ညစာကို အိမ်သို့ ပို့လာခိုင်းလိုက်သည်။

ထိုညနေ၆နာရီတွင် Song Nanchuan ရုံးမှ ပြန်လာသောအခါ သူသည် ပြတင်းပေါက်နားတွင် မိန်းမောစွာ ထိုင်နေရင်း ကြောင်ကို ကိုင်ထားသော Pei Yingကို တွေ့လိုက်သည်။ Song Nanchuanသည် သူမကို တစ်ချက်လောက် စောင့်ကြည့်ပြီးနောက် မေးလိုက်သည်၊ "Ying Ying မင်း ဒီမှာ ဘာတွေ စဉ်းစားနေတာလဲ?"

"မြောင်~"

Pei Yingလက်မောင်းထဲမှ ကြောင်လေးသည် အသံထွက်လာပြီးနောက် ၎င်းသည် ထွက်ပြေးသွားသည်။ Pei Yingသည် Song Nanchuanဘက် လှည့်လိုက်ပြီး သူမထိုင်ခုံမှ ထလိုက်သည်။ "အို လူရွေးပွဲအတွက် ရလဒ်က ဒီနေ့ ထွက်လာပြီးလေ. Gm Chenက ကျွန်မ အရွေးမခံရဘူးလို့ ပြောတယ်."

Song Nanchuanသည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးနောက် သူသည် သူမကို နှစ်သိမ့်လိုက်တော့သည်၊ "ဘာမှ မဖြစ်ပါဘူး. ဒီတစ်ခါ မဟုတ်လဲ နောက်တစ်ခါ ရှိပါသေးတယ်. ဘယ်သူ သိနိုင်မှာလဲ အတော်လေး ကောင်းတဲ့ အခွင့်အရေးတွေ မင်းကို စောင့်နေလိမ့်မယ်ဆိုတာ."

Pei Yingသည် သူ့ကို ဆက်ကြည့်လိုက်သည်။ "ဒါပဲလား?"

Song Nanchuanမျက်ခုံး အနည်းငယ် မဲ့သွားသည်။ "ဘာကို ပြောတာလဲ?"

"ရှင် ကျွန်မကို ပြောချင်တာ ဒါပဲလား?"

Song Nanchuanသည် နောက်ထပ်တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ သူသည် သူမကို ကြည့်လိုက်ပြီး မေးလိုက်သည်၊ "ဘာဖြစ်နေတာလဲ?"

Pei Yingသည် သူမနှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ "ဒီဇာတ်ကောင်နေရာက ကျွန်မနဲ့ မကိုက်ဘူးလို့ ရှင် ပြောလိုက်လို့ ဒါရိုက်တာက Li Sisiကို ပေးလိုက်တာလို့ ကျွန်မ ကြားလိုက်တယ်."

Song Nanchuanသည် အနည်းငယ် အံ့သြသွားပြီး သူ့မျက်ခုံးများလည်း အတူတကွ တွန့်ကွေးလာတော့သည်။ "မင်း ဘယ်သူ့ဆီက ကြားလာတာလဲ?"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now