Chapter 16

237 36 0
                                    

Zawgyi Font

16. မွေးနေ့ပွဲ

'နောက်ဆုံးတော့ သူတို့ ထမင်း တူတူ စားလို့ ရသွားပြီး ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ'

Universe Picturesသည် ထိုသတိပေးချက်ကို တင်လိုက်ပြီးနောက် အင်တာနက်မှာ လုံးဝ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတော့သည်။ အချို့အင်တာနက်သုံးသူများသည် ၎င်းကို တကယ့်အကောင့်ဖြစ်ကြောင်း လာပြောကြပြီး သူတို့မှာ မကျိန်ဆဲကြပါ။ အခြားသူများလည်း အယ်ဒီတာကို လာချီးမွမ်းကြသည်။

သတိပေးချက်ထွက်ပြီး ချက်ချင်းလေးမှာပဲ Pei Yingနှင့် Song Nanchuanတို့၏ 'သာမာန် မဟုတ်သော'ဆက်ဆံရေးဆိုသည့် သတင်းမှာလည်း ဖျက်သွားပြီးဖြစ်သည်။

လေထုမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူတို့၏ pageကို ထပ်ခါထပ်ခါ refreshလုပ်နေမှသာ သတင်းတွေကို သိနိုင်မည်ဖြစ်သည်။

Pei Yingလည်း ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး ကိစ္စများ ရှင်းလင်းသွားသည်ကို ကြည့်နေသည်။ သူမမှာ Universe Pictures၏ ကျွမ်းကျင်မှုကြောင့် သက်ပြင်းချလိုက်ပြီးသော်လည်း တစ်ချိန်တည်းမှာပဲ သူမသည် သူတို့၏ pageကို ကိုင်နေသော အယ်ဒီတာအကြောင်း စဉ်းစားနေလေသည်.... အပူများလိုက်တာ!

သို့သော်လည်း ဆဲဆိုနေသော commentများမှာ ရပ်လည်း မရပ်တန့်သွားသလို ပျောက်လည်း မပျောက်ကွယ်သွားပေ။ ထိုအစား အင်တာနက်သုံးစွဲသူများသည် တရားဝင်ထုတ်ပြန်ဘက်က သူမဘက် လိုက်သည်ကို တွေ့ကြသောအခါ သူတို့မှာ ပိုပြီး ပြောချင်လာကြတော့သည်။ "ကြည့်စမ်း! Universe Picturesတောင် သူမအတွက် ပြောပေးနေတယ်. မူရင်းသတင်းလဲ ဖယ်ရှားခံလိုက်ရပြီး. ထိခိုက်မှု မရှိအောင် ထိန်းသွားတာ မြန်ချက်ပဲ. ဒီလိုဆို Song Nanchuanက သူမကို ကာကွယ်ပေးနေတာ မဟုတ်ဘူးလား?!"

အခြားသော အင်တာနက်သုံးစွဲသူတစ်ဦးလည်း ပြန်တုံ့ပြန်လိုက်သည်၊ "ထူးဆန်းလိုက်တာ. အကယ်လို့ Song Nanchuanက သူမကို ကာကွယ်ပေးနေရင်လဲ ဘာဖြစ်လဲ? သူမမှာ နင့်လိုမျိုး anti-fanတွေ ရှိတယ်ဆိုရင် တစ်ယောက်ယောက်က သူမကို ကာကွယ်တာ ဘာလို့ မဖြစ်နိုင်ရမှာလဲ? အာ အာ CEO Songက သူမကို ဖူးဖူးမှုတ်ထားချင်ရင်တောင် နင်နဲ့ ဘာဆိုင်လို့လဲ? (smile)"

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now