Chapter 40

175 28 0
                                    

Zawgyi Font

40.

'မိန်းကလေး မပြောသင့်တဲ့ စည်းမျဉ်းရှိတယ်ဆိုတာ ကြားဖူးလား'

Xing Xinမှာ နိုင်ငံတွင်း အရောင်းရဆုံး စုံထောက်ဝတ္ထုရေးဆရာများထဲမှ တစ်ယောက်ဖြစ်သည်။ သည်ကနေ့အထိ သူသည် ဝတ္ထုပေါင်း ဆယ်အုပ်ထက်မနည်း ထုတ်ဝေထားပြီးပေမဲ့ သူ့ဓာတ်ပုံတော့ တစ်ခါမှ မထွက်ဖူးခဲ့ပါ။ သူသည် စာအုပ်လက်မှတ်ထိုးပွဲကိုတောင် မကျင်းပခဲ့ဖူးပါ။

The Performerသတင်းစာ ရှင်းလင်းပွဲမှာ သူ၏ ပထမဦးဆုံး အများရှေ့မှောက် ပေါ်ထွက်လာခြင်းဖြစ်ပြီး ပရိတ်သတ်များထဲမှ သတင်းထောက်အချို့ကတောင် သူတို့ကိုယ်သူတို့ မချုပ်တည်းထားနိုင်ကြပါ။ Mo Zhenဆီသို့ မေးခွန်းများ မေးနေရသည့်အစား သတင်းထောက်များသည် ဒဿနမေးခွန်းများကို မေးလိုက်ခြင်းဖြင့် အင်တာဗျူးကို စလိုက်ကြတော့သည်။

"ခင်ဗျားက တကယ်ပဲ Xing Xinလောင်ရှီးလား?" သတင်းထောက်တစ်ဦးသည် မေးလိုက်သည်။

Pei Yingသည် Xing Xinလောင်ရှီး၏ အဖြေကို ကြားသောအခါ သူမ ချွေးတောင် ပြန်သွားသည်။ "အင်း ဒီနေ့ ငါ့နေရာမှာ ဒီသတင်းစာရှင်းလင်းပွဲတက်ဖို့ အစားထိုးတစ်ယောက်ကို ရှာဖို့ ငါ ဘာလို့ မစဉ်းစားမိပါလိမ့်."

ပရိတ်သတ်များ ရယ်မောကြတော့သည်။ ထိုမှ Pei Yingဖျက်ခနဲ သိလိုက်သော တစ်ခုကတော့ လောင်ရှီးက အသံကောင်းတယ် ဆိုတာပဲ ဖြစ်သည်!

ထိုသတင်းထောက်ကပင် ပြန်မေးလိုက်သည်၊ "လောင်ရှီး ဒီလောက် ကြည့်ကောင်းနေတာ အနုပညာနယ်ပယ်ထဲ ဝင်ဖို့ စိတ်ကူးရှိပါရဲ့လား?"

စင်ထက်မှ Xing Xinသည် မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်၊ "ဘာလို့ ငါ့ကိုပဲ မေးခွန်းလာမေးနေရတာလဲ? မင်းတို့တွေ Mo Zhenကိုပဲ အာရုံရောက်ရမှာမလား? ငါ့အယ်ဒီတာ ငါ့ကို အဲ့လို ပြောထားတယ်."

Pei Ying "..."

ပရိတ်သတ်တစ်လျှောက် ရယ်သံတို့ ဖုံးလွှမ်းသွားပြီး အားလုံး၏ အာရုံမှာလည်း ကြီးမြတ်သော Moဘုရင်ကြီးထံသို့ ရောက်သွားကြတော့သည်။ ထိုသတင်းစာရှင်းလင်းပွဲသည် နာရီဝက်ခန့်သာ ကြာမြင့်ခဲပြီး Xing Xinလောင်ရှီးကတော့ ထိုနေ့၏ အထင်ရှားဆုံးသောသူ ဧကန်မုချ ဖြစ်သွားလေသည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now