Chapter 31

212 36 0
                                    

Zawgyi Font

31.

Song Nanchuanသည် သူ ကြိုက်နှစ်သက်သော အရောင်ဖျော့ဝတ်စုံများမှ တစ်စုံကို အနီရောက်လည်စည်းနှင့်အတူ ဝတ်ဆင်ထားသည်။ လိုက်ဖက်နေပြီး ကြည့်ကောင်းနေသော သူသည် အခန်းထဲတွင် ရှိနေသော လူလတ်ပိုင်းအရွယ် လူကြီးများကြားတွင် အတော်လေးကို ထင်သာမြင်သာ ဖြစ်နေသည်။

သူ့ရဲ့ မျက်လုံးသွယ်သွယ်မှ ထိုအစက်လေးနှင့်အတူ သူသည် တံခါးဝဆီကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး မဖော်ပြနိုင်သော မျက်နှာအမူအရာ ရှိနေသည်။

Pei Yingသည် သူမကိုယ်သူမ ဆူလိုက်သည်။ သူမ ချီတုံချတုံဖြစ်ခဲ့သည့် အကြောင်းမှာ Song Nanchuan၏ မျက်နှာကို မြင်တွေ့လိုက်ခြင်းဖြစ်သည်။

ဒါရိုက်တာသည် အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သောကြောင့် သူသည် သီးသန့်အခန်းထဲတွင် ရှိနေသော CEOတစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက CEO Wang. ဒါက CEO Jiang. ဒါကကျတော့ CEO Song."

လူအားလုံးသည် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြသည်။ အလယ်တွင် ထိုင်နေသည်မှာ CEO Wangဖြစ်သည်၊ "ကဲပါ ငါတို့ မင်းတို့ကို ဒီမှာ မတ်တပ်ရပ်နေဖို့ပဲ ဖိတ်ထားတာ မဟုတ်ပါဘူး. အားလုံးပဲ ထိုင်ကြပါ."

သူ ပြောပြီးနောက် အကုန်လုံးသည် ထိုင်လိုက်ကြတော့သည်။ အခန်းသည် ကြီးမားနေပြီး ၁၀ယောက်မကသော လူများ ထိုင်ဖို့တောင် လုံလောက်နေသေးသည်။ Universeအလုပ်အမှုဆောင်အဖွဲ့မှ သုံးဦးတို့အပြင် အဓိကသရုပ်ဆောင်လေးယောက်နှင့် ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာတို့လည်း သီးသန့်အခန့်ထဲတွင် ရှိနေသည်။ ကျန်သော ရိုက်ကူးရေးအဖွဲ့သားတို့သည် ပင်မထမင်းစားခန်းထဲတွင် ထိုင်နေကြသည်။

He Wanသည် Season of Love ရဲ့ ဒုတိယဇာတ်လိုက်မင်းသမီးဖြစ်သည်။ သူမ ဝင်လာသောအခါ သူမသည် Song Nanchuanကို ချိန်ထားခြင်းဖြစ်သည်။ သူ့ဘေးက နေရာတစ်ခု လူမရှိနေသည်ကို တွေ့သောအခါ သူမ အမြန် သွားလိုက်သည်။ သို့ပေမဲ့ သူမ မထိုင်ခင်လေးမှာပဲ Song Nanchuanသည် လှည့်လိုက်ပြီး သူမကို အကြည့်တစ်ချက် စိုက်ကြည့်လိုက်သည်။

ဝူရှားဇာတ်လမ်းနဲ့ ဆိုရရင် ထိုအကြည့်မှာ သတ်တော့ဖြတ်တော့မည့်ပုံ ပေါက်နေသည်။ He Wanမှာ လန့်သွားပြီး အခြားသော ခုံအလွတ်တွင် ထိုင်ရန် အဝေးသို့ ပြောင်းသွားလိုက်သည်။

[Completed] Just Blame Me for being Blind in the Beginning (MM Translation)Where stories live. Discover now