Extra 1

2.1K 340 108
                                    

/ Unicode /

" မင်းသားငယ် "

သူ့ကိုမြင်တာနဲ့ ခေါင်းညွှတ်နှုတ်ဆက်လာတဲ့
အစောင့်ကို ဂျီမင် ခေါင်းအသာညိတ်ပြရင်း ကွင်းထဲ
ဆက်လျှောက်လာလိုက်တယ် ။ လွင့်ပျံလာတဲ့
သေနတ်ပစ်သံတွေကို နားထောင်ရင်း လူစုရှိရာကို
လှမ်းမျှော်ကြည့်မိတော့ နှလုံးသားထဲအထိ အလွတ်
မှတ်မိနေတဲ့ ကျောပြင်ငယ် ။

" ဂျောင်ဂု "

အနောက်ကနေအချိန်အတော်ကြာအောင် ရပ်ကြည့်
နေပြီးမှ သေနတ်တစ်လက်လဲတဲ့အချိန် ခေါ်လိုက်
တော့ ချက်ချင်းလှည့်ကြည့်လာတဲ့ကောင်လေး ။

" အစ်ကို "

ဖျတ်ခနဲပြုံးသွားတဲ့ မျက်နှာလေးနဲ့ သေနတ်ကို
ဘေးက စားပွဲအပေါ်တင်ခဲ့ပြီး သူ့ဆီလျှောက်လာတဲ့
ဂျောင်ဂုက သတိရသလို တုံ့ခနဲဖြစ်သွားတယ် ။

" အို့ ခဏခဏ ကျွန်တော်ချွေးတွေနဲ့ "

ဖက်မယ့်ဟန်ပြင်ပြီးမှ အနောက်ကိုခြေတစ်လှမ်း
ဆုတ်သွားတာမို့ ဂျီမင် ရယ်ရင်းနဲ့ အရှေ့တိုးလိုက်
တယ် ။

" ဘာမှမဖြစ်ဘူး လာ "

လက်နှစ်ဖက်ကိုဆန့်တန်းပေးတော့လှစ်ခနဲနေအောင်
ရောက်လာတဲ့ ကောင်လေးက သူ့တစ်ကိုယ်လုံးကို
သိမ်းကြုံးပြီးဖက်တယ် ။ ပြီးတော့ ခပ်တိုးတိုး
ပြောသေးတာ အစ်ကို့ကိုသတိရနေတာတဲ့ ။

" ပြီးတော့မှာလား လေ့ကျင့်တာက "

" ကိုကိုတို့ကတော့ နောက် ၁ နာရီဆို ပြီးပြီ
ပြောတာပဲ "

အဆင်သင့်ပါလာတဲ့အဝတ်စနဲ့ နဖူးကချွေးတွေကို
သုတ်ပေးတော့ ခန္ဓာကိုယ်ကိုကိုင်းပေးထားရင်း
မျက်လုံးလေးမှိတ်ကာ ငြိမ်နေပြန်တယ် ။ သူအရမ်း
သဘောကျမိတဲ့ ဝိုင်းစက်စက်မျက်လုံးတွေကို
မမြင်ရပေမယ့် ကော့ညွတ်နေတဲ့ မျက်တောင်
လေးတွေကလည်း အသည်းယားစရာမို့ နမ်းလိုက်ဖို့
တွေးတွေးမိသွားတဲ့စိတ်ကို ဂျီမင် ပြန်ပြန်ထိန်းနေ
ရတယ် ။ ဘေးမှာ အစ်ကိုနမ်ဂျွန်းနဲ့ ထယ်ယောင်း
ရှိနေတယ်မဟုတ်လား ။

" သံပုရာရည်ဖျော်လာတယ် ။ ဒါသောက်ပြီးမှ
ဆက်လေ့ကျင့်နော် "

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now