Chapter 2

3.6K 511 77
                                    

/ Unicode /

" အစ်ကိုယွန်းဂီ ၊ ရော့ ဒါစား "

အစ်ကိုယွန်းဂီရဲ့ ပန်းကန်ပြားထဲကို ထယ်ယောင်းက
အသားကင်တစ်ခု ထည့်ပေးလိုက်တော့ ၊ အစ်ကိုက
ဘာမှမပြောပဲ ပြုံးရုံသာပြုံးရင်း တူနဲ့ညှပ်ကာ ယူစား
တယ် ။

" ရော့ ၊ အအေးလည်း သောက်ဦး "

စားသောက်ပွဲတွေ လာချကတည်းက အစ်ကိုယွန်းဂီ
ဆီ တစ်ခုပြီးတစ်ခု ယူပေးနေတဲ့ ထယ်ယောင်းဟာ
ပြုံးစစ လည်း လုပ်နေသေးသည် ။

" ကျွန်တော် အစ်ကို့ကို ဂရုစိုက်တယ်နော် အစ်ကို ။
သင်္ဘောစီးရင် ကျွန်တော်ကိုလည်း တစ်လှည့်
ပေးမောင်းရမယ် "

ခပ်တည်တည်နဲ့ ထပြောလိုက်တဲ့ စကားအဆုံး သူတို့
အားလုံးပွဲကျသွားကြသည် ။ ထင်တော့ ထင်သား ။
ကင်ထယ်ယောင်းရဲ့ မူမမှန်တဲ့ ပုံစံကို မြင်ကတည်း
က ဂျီမင် နည်းနည်းတော့ ရိပ်မိနေတာ ။

" အဲ့လို မလုပ်လည်း ၊ အစ်ကိုက မင်းကို တစ်လှည့်
ပေးမောင်းမှာပါ ထယ်ယောင်းရ "

တကယ့်တကယ် ထယ်ယောင်းသာ လိုချင်ရင်
သင်္ဘောမောင်းတာလောက်ကတော့ " ကျွန်တော့်ကို
တစ်လှည့်ပေး " ဆိုတဲ့ စကားနဲ့တင် ပြီးတယ် ။
အဲ့ဒါကို သက်သက်မျက်နှာပြောင်ပြနေတာ ။ ဒါကို
အစ်ကိုယွန်းဂီ အပါအဝင် သူတို့အားလုံးကလည်း
သဘောပေါက်တယ် ။

" အစ်ကို ရော့ ၊ ဒီအရွက်ကြော်လေးစားဦး ။
ကျွန်တော့်ကိုလည်း မမေ့ပါနဲ့နော် "

အစ်ကိုယွန်းဂီ အနားကို တိုးသွားကာ ဂျီမင် အရွက်
ကြော်တစ်ချို့ ထည့်ပေးလိုက်တော့ ၊ အစ်ကိုတွေ
အားလုံးရဲ့ ရယ်သံတွေက ဆူညံသွားတယ် ။

" မင်းသားလေးကိုလည်း ကျွန်တော်က မမေ့ဝံ့
ပါဘူး "

ခေါင်းအသာညွှတ်ရင်း ပြန်ပြောင်နေတဲ့ အစ်ကို
ယွန်းဂီကြောင့် ဂျီမင် ခေါင်းမော့ကာ ရယ်မိတော့
သည် ။ စားစရာရှိတာ စားရင်း စကားတစ်ပြောပြော
နဲ့ စိတ်လွတ်ကိုယ်လွတ်ဖြစ်နေတဲ့ သူတို့အဖွဲ့က
ငယ်ငယ်တုန်းကအတိုင်း နွေးထွေးပြီး သက်တောင့်
သက်သာရှိနေတုန်းပဲ ။ ဒါပေမယ့် အရွယ်ရောက်
လာပြီ ဖြစ်တဲ့အတွက် ၊ ကျန်တဲ့ သူတွေက သူနဲ့
အစ်ကိုနမ်ဂျွန်း နာမည်ရှေ့မှာ " မင်းသား " ဆိုတဲ့
ရာထူးကို ထည့်ခေါ်ကြတော့တယ် ။ စစချင်း
တုန်းက သူစိမ်းဆန်ပါတယ်ဆိုပြီး ဂျီမင် စိတ်တွေ
ဆိုးခဲ့ပေမယ့် ၊ အစ်ကိုနမ်ဂျွန်းက အခေါ်အဝေါ်
ပြောင်းရုံနဲ့ သူစိမ်းဖြစ်သွားတာ မဟုတ်ဘူးလို့
သေချာ ရှင်းပြပေးခဲ့တာ ။ ဒါတောင် သူက အစ်ကို
တို့ကို ၊ သူတို့ချည်းပဲဆိုရင် နာမည်ပဲ ခေါ်ဖို့ မှာထား
သေးတယ် ။

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now