Extra 2

2.7K 302 57
                                    

/ Unicode /

" ဂျောင်ဟွန်း ။ သားငယ် "

" ခမည်းတော်လေး!!! "

အော်ဟစ်ပြီးပြေးလာတဲ့ သားငယ်ကို ယွန်းဂီ
လက်နှစ်ဖက်ကိုဆန့်တန်းကာ ကြိုလိုက်တယ် ။
မှီသွားအောင် ထိုင်ချလုနီးပါးကိုင်းထားတဲ့ သူ့ဆီ
အရှိန်နဲ့ပြေးဝင်လာတာ အင့်ခနဲ မြည်သွားတဲ့အထိ ။

" အိမ်မှာပျော်ခဲ့လား "

" ဟုတ် ။ မေမေက မုန့်တွေလုပ်ကျွေးတယ် "

" ဟုတ်လား ။ ဘာမုန့်တွေလဲ ပြောပါဦး "

ဖြူဖွေးနေတဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို
ခပ်ဖွဖွနမ်းရှိုက်ရင်း​မေးတော့ မျက်လုံးလေးတွေက
တဖျတ်ဖျတ်လှုပ်ခတ်သွားတယ် ။ တစ်ပတ်နှစ်ရက်
အိမ်ပြန်လေ့ရှိတဲ့ သားငယ်က ပြန်ရောက်လာတိုင်း
မှတ်မှတ်ရရ ကိစ္စတစ်ခုခုကို ပြန်ပြောတတ်မြဲပဲ ။

" အွန်းးးးး ပေါင်မုန့် ၊ ဘဲသားမုန့် ၊ ပြီးတော့......
နွားနို့ကရတဲ့ဟာတွေကို ဒါမျိုးဟာနဲ့ မီးဖိုထဲထည့်
တာလေ ။ ခမည်းတော်လေး သိလား "

လက်ညှိုးဖောင်းဖောင်းလေးတွေကို အရပ်မျက်နှာ
အစုံ ချာလည်နေအောင်လှည့်ရင်း ရှင်းပြနေပေမယ့်
သူ့ဘက်က နားလည်ပုံမပြတဲ့အတွက် အခက်တွေ့
နေတဲ့ပုံလေးက ယွန်းဂီကိုရယ်မိသွားစေတယ် ။

" နို့မလိုင်ကင်လေ မင်းသားလေး "

" အာာ ဟုတ်တယ် ဟုတ်တယ် ။ ဦးငယ် ပြောတဲ့
ဟာပဲ ခမည်းတော်လေး "

သူ့နည်းတူရယ်နေတဲ့ ဂျိုဝန်းက အနားနားကပ်ကာ
ခပ်တိုးတိုးပြောပြတဲ့အခါ ဝမ်းသာအားရနဲ့
အရှေ့ကိုတောင်ပိုတိုးလာသေးတယ် ။ ၈နှစ်အရွယ်
ရှိနေပြီဖြစ်တဲ့သားငယ်က သူနဲ့နမ်ဂျွန်းရဲ့ သား
ဆိုပေမယ့် တကယ်တော့ ဝန်ကြီးချုပ်ရဲ့ မြေး ။

သူတို့နှစ်ယောက်လုံးက ယောက်ျားလေးဖြစ်တဲ့
အပြင် မင်းသားဂျီမင်မှာလည်းမျိုးဆက်မရှိနိုင်တဲ့
အတွက် ထီးနန်းဆက်ခံရမယ့် အိမ်ရှေ့စံကို သူတို့
ရှာဖွေဖို့လိုအပ်လာတယ် ။ ကျန်တဲ့ ကင်အိမ်တော်နဲ့
ဂျောင်အိမ်တော်ကလည်း လူပျိုတွေချည်းပဲမို့
တကယ်ကို အခက်တွေ့ခဲ့တဲ့နေ့ရက်တွေပဲ ။
နောက်ဆုံးမှာတော့ Syriam ရဲ့ နန်းတက်ဘုရင်
တိုင်းကို သစ္စာရှိရှိတာဝန်ထမ်းဆောင်ခဲ့တဲ့အပြင်
စစ်ဦးစီးချုပ်ကိုပုန်ကန်တုန်းကလည်း နှစ်ခါ
ပြောစရာမလိုပဲ သူတို့ဘက်ကရပ်တည်ခဲ့တဲ့
ဝန်ကြီးချုပ်ကိုပဲရွေးချယ်ပြီး မြေးဖြစ်သူကို
သူတို့မွေးစားခဲ့ကြတယ် ။

𝑳𝒐𝒗𝒆 𝑨𝒏𝒅 𝑩𝒆𝒍𝒊𝒆𝒗𝒆Where stories live. Discover now